Menu

You are here

နေနေရဲ့ Mitsubishi RVR

ဒီတစ်ပတ်အတွက် အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ စတီရီယို တေးသံရှင် နေနေ အခုစီးနေတဲ့ ကားအကြောင်းကို မေးမြန်းထားပါတယ်။

အခုလက်ရှိစီးဖြစ်နေတဲ့ ကားက။

 အခုစီးဖြစ်နေတဲ့ကားက Mitsubishi RVR ပါ။ ဒီကားလေး စီးဖြစ်လာတာတော့ ၂ နှစ်ကျော် ပါပြီ။

ဒီကားလေးကို ရွေးချယ်စီးဖြစ်ခဲ့ တဲ့အကြောင်းကို ပြောပါဦး။

ကားဆိုရင် Sport Type ပုံစံ ကားတွေကို သဘောကျတယ်။ နောက်တစ်ခုက ကြီးပြီးတော့ မြင့် မြင့်လေးဖြစ်နေတာမျိုး ကြိုက် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရီးသွားချင်တာကြောင့်ပါ။ ဒီကား တွေကျတော့ ခရီးကြမ်းတွေ၊ တောင်ကုန်းတွေသွားရင် ဗိုက်က မြင့်တော့ ကားလည်းမနာဘူး။ ဒါ မျိုးတွေကို ရွေးချယ်ပြီး ဝယ်ဖြစ်ခဲ့ တာပါ။ ဒီကားက အနီရောင်လေး လည်းဖြစ်တော့ ကိုယ်က အနီ ရောင်ကြိုက်တော့ စစချင်းမှာပဲ သဘောကျပြီး ဝယ်ဖြစ်ခဲ့တာပါ။

ဒီကားစီးတဲ့အချိန်မှာ အဆင်ပြေ တဲ့အချက်နဲ့ အဆင်မပြေတဲ့အ ချက်က ဘာတွေဖြစ်မလဲ။

ဒီကားက အဆင်မပြေတဲ့အ ချက်ရယ်လို့ သက်သက်ကြီးတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီကားရဲ့ နောက်အခန်းလေးက နည်းနည်း ကျဉ်းတယ်။ ကားက ရှေ့ခေါင်း က ကြီးတယ်။ ခေါင်းနဲ့ပဲ နေရာအ ရမ်းယူတယ်။ နောက်ဖုံးမှာ နေရာ ကမရှိဘူး။ ပစ္စည်းထည့်ရင် နေရာက သိပ်အဆင်မပြေဘူး။ အဲဒါ တစ်ခုတော့ အဆင်မပြေတာရှိ တယ်။ အားသာချက်ကတော့ သူ က Sport Type လည်းဖြစ်တော့ Manual ကို ပြောင်းပြီးတော့ မောင်းမယ်ဆိုရင် အရမ်းပြေး တယ်။ Auto နဲ့လည်း မောင်းလို့ရ တယ်။ တောင်တွေဘာတွေတက် ရင် Manual နဲ့ ပြောင်းပြီးမောင်း ရင် ပိုဆွဲတယ်။ ဆီစားနှုန်းက လည်း 1.8 ဆိုတော့ သက်သာ တယ်။ တချို့ကားတွေမှာဆိုရင် 2.5 လောက်ဆိုရင် ဆီအရမ်းစား တယ်။ ဒီကားက အဲကွန်းကလည်း အရမ်းကောင်းတယ်။ တောက် လျှောက်ဖွင့်လည်း မကျသွားဘူး။ ညပိုင်း မီးဖွင့်လိုက်ရင်လည်း စတိတ်ရှိုးတွေ ဘာတွေမှာ မီးထိုး သလိုမျိုးပဲ တော်တော်လင်းတယ်။ ပြန့်ကျယ်တယ်။ ညပိုင်းကား မောင်းတဲ့အခါ Safety ဖြစ်တာ ပေါ့နော်။

ဒီကားရဲ့ လုပ်ဆောင်မှုအပိုင်းတွေ ကိုလည်း ပြောပြပေးပါ။

ဒီကားက အင်ဂျင်ပါဝင်က 1.8 ဖြစ်တော့ ဆီစားနှုန်းက သက်သာပါတယ်။ ဒီကားဝယ်တုန်းက 4Wheel လို့ထင်ခဲ့တာ။ ဒါပေမဲ့ သူက 4Wheel မဟုတ်ဘူး။ ဂီယာ က Manual ရော၊ Auto ရောပါ တယ်။ Manual နဲ့မောင်းရင် အ ရမ်းပြေးတယ်။ ရန်ကုန်မြို့ထဲမှာ ဆိုရင် Manual နဲ့ မမောင်းရဲဘူး။ ကားတွေထဲမှာဆိုရင် ဒီထက်ကြီး တဲ့ကားတွေတောင် ပိုကြိုက်တယ်။ ကားအသေးကျတော့ ပေါ့တော့ ပေါ့တယ်။ စိတ်ထဲမှာကျတော့ မထည်သလိုပဲ။ ဒါကြောင့် ကား ကြီးလေ ပိုသဘောကျတယ်။

ဒီကားနဲ့ ရန်ကုန်မြို့ထဲမှာ မောင်း ရတာ ဘယ်လိုရှိပါသလဲ။

ဒီကားနဲ့ ရန်ကုန်မြို့မှာမောင်း ရင် ပါကင်ထိုးရတာ အခက်အခဲ ရှိတယ်။ သူက ဆိုဒ်ကြီးတော့ နေရာယူတာပေါ့။ ဘေးကားတွေ မထိအောင် သတိထားပြီး လုပ်ရ တယ်။ ကားအသေးတွေမောင်း တုန်းကဆိုရင် အဆင်ပြေတယ်။ ပြောရရင် ကားမောင်းနေရရင် တော့ ပျော်တာပဲ။ အရင်ကလည်း ကားမျိုးစုံမောင်းဖူးတယ်။ ဂျစ် ကားလည်း မောင်းခဲ့ဖူးတယ်။ ဒီကားတွေ မဝင်ခင်ကဆိုရင် Manual ဂီယာတွေ မောင်းခဲ့ဖူး တယ်။ Auto ကျတော့ အရမ်း လွယ်သွားတယ်။ ခြေထောက် တစ်ဖက်တည်းပဲ သုံးရတာဆို တော့ သက်လည်းသက်သာ တယ်။

စိတ်ကူးထဲကနေ နောက်ထပ် ကားပြောင်းရင် စီးချင်နေတဲ့ကား အမျိုးအစားက ဘာဖြစ်မလဲ။

နောက်ထပ်စီးချင်တဲ့ Che-vrolet အမျိုးအစားထဲက Saloon Type ပုံစံကားလေးတွေ စီးချင် တယ်။ Hydyne လေးလည်း လို ချင်တယ်။

ကားစီးတဲ့သူတွေအတွက် အကြံ ပြုစကားလေးပြောပေးပါဦး။

မြန်မာပြည်မှာက ယာဉ် ကြောကျပ်တာလည်း ပါတယ်။ တချို့ကျတော့ လမ်းစည်းကမ်း နားမလည်ဘဲ မောင်းတဲ့သူလည်း တော်တော်များများ တွေ့ရတယ်။ တက္ကစီမောင်းတဲ့သူကအစ အိမ် ကားပဲဖြစ်ဖြစ် ဘတ်စ်ကားတွေဆို လည်း ပေါက်သောက်မောင်းတဲ့ သူတွေများတယ်။ သိစေချင်တာ လေးက ကားမောင်းတယ်ဆိုတာ လီဗာနင်းတတ်ရုံနဲ့ ကားမောင်း တတ်တာ မဟုတ်ပါဘူး။ ကား မောင်းတယ်ဆိုတာ လိုက်နာရ မယ့် အချက်တွေ၊ စည်းကမ်းတွေ အများကြီးရှိတယ်။ တချို့တွေဆို ရင် ကားသာမောင်းတယ်။ အချက်ပြမီးကိုတောင် သေချာမလုပ် တတ်ကြဘူး။ ညာဘက်ကိုပြပြီး ဘယ်ကိုကွေ့သွားတဲ့ သူတွေ လည်းရှိတယ်။ ဒါတွေကျတော့ ကားမောင်းချင်တာပဲသိတယ်၊ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကို သေချာမသိဘူး။ ဒါလေးတွေ ကအစ သတိထားစေချင်တယ်။ မသိဘဲ စွတ်မောင်းတဲ့အခါကျ ယာဉ်တိုက်မှုတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက အရက်တွေ ဘာ တွေသောက်ပြီး မမောင်းစေချင် ဘူး။ ကိုယ့်ဘာသာကိုယ် မူးပြီး မောင်းလိုက်လို့ ကိုယ့်တစ်စီးတည်းတိုက်သွားတာက ကိစ္စမရှိပေမယ့် ဘေးက လမ်းကူးလာသူတွေ၊ စက်ဘီးစီးလာတဲ့သူတွေကို တိုက် မိရင် ကိုယ့်ကြောင့်နဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တယ်။ ဒါကြောင့် သတိထားကြပါလို့။ ကားမောင်း တာကိုတော့ အားပေးတယ်။ ဖြစ် နိုင်ရင် ကိုယ်တိုင်မောင်းတတ် အောင်သာ ကျင့်ပါ။ ကားမောင်း တယ်ဆိုတာ ခက်ခဲတဲ့အရာတော့ မဟုတ်ပါဘူး။ လူတိုင်းကားမောင်းတတ်သင့်တယ်။ ဒါက အရမ်းအ သုံးဝင်တဲ့အရာတစ်ခုဖြစ်လို့ပါ။

ကျေးဇူးတင်ပါတယ်။

      __ဖြူဖွေးသန့်

logo