Menu

You are here

Honda Pilot

Honda က ထုတ်လုပ်တဲ့ကားတွေ ထဲက Honda Pilot  ရဲ့အကြောင်း ကို အခုတစ်ပတ်ရဲ့ 7Day Cars အယ်ဒီတာအကြိုက်အဖြစ် ရွေး ချယ်ဖော်ပြပေးလိုက်ပါတယ်။

ဟွန်ဒါ Pilot ကို ၂၀၁၂ မှာစတင်မိတ်ဆက်ပြီး ၂၀၁၃ အတွင်း မှာ ဈေးကွက်အတွင်း ဖြန့်ချိ ရောင်းချခဲ့ပါတယ်။ တံခါးငါးပေါက် SUV ကိုယ်ထည်အမျိုး အစားဖြစ်ပြီး Crossover ဒီဇိုင်း ပိုင်းနဲ့ ပိုပြီးတူညီနေတာ တွေ့ရပါ တယ်။

အာရှဈေးကွက်အတွင်းမှာ တွေ့ရနည်းပါးပြီး ဥရောပနဲ့ သြစ တြေးလျဈေးကွက်တွေမှာ အများ ဆုံးတွေ့ရတဲ့ ကားတစ်စီးဖြစ်ပါ တယ်။ အတွင်းခန်းကျယ်ဝန်းပြီး ကိုယ်ထည်ပိုင်းဒီဇိုင်းခံ့ညားမှုက Honda Pilot ရဲ့အဓိကဆွဲဆောင် မှုဖြစ်တာ တွေ့ရပါတယ်။

အင်ဂျင် အရွယ်အစားကို တော့ Honda Pilot 2016 မှာ ၃၅၀၀ စီစီ တစ်မျိုးတည်းကို V-6အင်ဂျင်နဲ့ တပ်ဆင်ထုတ်လုပ်ထား ပါတယ်။

လုံခြုံရေးပိုင်း နည်းပညာ တွေကိုလည်း ဟွန်ဒါရဲ့ နောက် ဆုံးပေါ်နည်းပညာတွေနဲ့ ပေါင်းစပ် ထုတ်လုပ်ထားတဲ့အတွက် မော်ဒယ်မြင့်ကားတွေထဲမှာ ပြည့်စုံတဲ့ ကားတစ်စီးလို့ဆိုရမှာပါ။ ဂီယာတွေကိုတော့ အော်တိုဂီယာ ငါးချက် တစ်မျိုးတည်းနဲ့ ထုတ် လုပ်ထားတာတွေ့ရပြီး ဂရိတ် တွေကတော့ LX, EX, EX-L,Touring,Elite ဆိုပြီး ဂရိတ်ငါး မျိုးနဲ့ ထုတ်လုပ်တာ တွေ့ရပါ တယ်။

နည်းပညာပိုင်း

နည်းပညာပိုင်း ပေါင်းစပ် ထုတ်လုပ်ထားတာတွေကတော့ Satellite နဲ့ တိုက်ရိုက်ချိတ်ဆက် ထားတဲ့ လမ်းကြောင်းပြ စနစ် (Navigation System),နောက်ကင်မရာနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့ ပါကင်လမ်းညွှန်စနစ်၊ Bluetooth စနစ်နဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့ မီဒီယာပိုင်းအထောက် အပံ့စနစ်၊ မမြင်ကွယ်ရာက ကျော်တက်မှုတွေကို အချက်ပြပေးနိုင် တဲ့ Blind-Spot Detection စနစ်၊စမတ်ဖုန်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ Honda Link နည်း ပညာတွေကို ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။

မောင်းနှင်မှုပိုင်း နည်းပညာ တွေအဖြစ် ကားရှေ့ရေဒါ၊ လေကာမှန်အောက်က ကင်မရာတွေက မောင်းမှုလမ်းကြောင်းဆိုင်ရာ တွေကို အာရုံခံမှာဖြစ်ပြီး လမ်းကြောင်းလွဲချော်မှု၊ ရှေ့အတားအ ဆီး ကြိုတင်ကာကွယ်မှု၊ အရှိန် နှုန်းထိန်းကျောင်း မောင်းနှင်မှု၊ ရုတ်တရက် ဘရိတ်ဖမ်းစနစ်တွေ ကို အထောက်အပံ့ပေးဆောင် ရွက်မှာ ဖြစ်ပါတယ်။

SUV ကိုယ်ထည်မိသားစု စီးကားတစ်စီးဖြစ်တဲ့အတွက် အတွင်းခန်းထိုင်ခုံ သုံးတန်းကို သက် သောင့်သက်သာရှိစေမယ့် ဒီဇိုင်းနဲ့ တပ်ဆင်ထုတ်လုပ်ထားပါတယ်။ အဲကွန်းစနစ်ကိုတော့ Climate Sensor စနစ်နဲ့ အော်တိုအဲကွန်းကို တပ်ဆင်ထုတ်လုပ်ပေးထားပါ တယ်။

AC ပလတ်ပေါက်နဲ့ USBပေါက်၊ AUX ပေါက်၊ Audio &Video ပေါက်တွေလည်း ပါဝင် တာ တွေ့ရပါတယ်။

အပေါ်မိုးကို ကျယ်ဝန်းပြီးရှင်းလင်းတဲ့ ကောင်းကင်မြင်ကွင်း အတွက် power sunroof တပ်ဆင်ထားပါတယ်။ မီဒီယာပိုင်း ပစ္စည်းတွေကို ရှေ့ Dashboard မှာတင်မဟုတ်ဘဲ နောက်ခန်းအ  တွက် TV ကို အပေါ်အမိုးတွေ  မှာပါ တပ်ဆင်ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

ကိုယ်ထည်ပိုင်း

ကားနောက်ဖုံးကို ပါဝါတံခါးတပ်ဆင်ပေးထားပြီး နောက်တန်း ထိုင်ခုံတွေ ခေါက်သိမ်းထားရင်  ကျယ်ဝန်းတဲ့ အတွင်းခန်းဒီဇိုင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ စတီယာရင်ကွန်ထရိုးနဲ့  Dashboard ကွန်ထရိုးစနစ်တွေက ပြည့်စုံတဲ့အ တွက် ကားရဲ့လုပ်ဆောင်ချက် တိုင်းကို ယာဉ်မောင်းထိုင်ခုံကနေ အလွယ်တကူလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နောက်ခန်းထိုင်ခုံတွေကို ဇိမ်ခံကား ထိုင်ခုံဒီဇိုင်းတွေအတိုင်း ထုတ်လုပ်ထားပေမယ့် Van ကားထိုင်ခုံတွေလို အလွယ်တကူ ခေါက်သိမ်းနိုင်အောင် တပ်ဆင် ပေးထားတာ တွေ့ရပါတယ်။ ကားကိုယ်ထည်ရဲ့ နောက်ပိုင်းက စကတ်မှာ ပါကင်ဆင်ဆာလေးခု တပ်ဆင်ပေးထားတဲ့အတွက် ပါကင်အထောက်အကူပိုင်းမှာ တော့ တိကျတဲ့ ပါကင်စနစ်ကို ရရှိနိုင်ပါတယ်။

ရှေ့ရှဲလ်ဒီဇိုင်းက ခံ့ညားမှုကို အသားပေးထုတ်လုပ်ထားတာ တွေ့ရပြီး ကိုယ်ထည်ဒီဇိုင်းက တော့ ကြီးမားတဲ့ကိုယ်ထည်နဲ့ လိုက်ဖက်တဲ့ လေခွင်းနိုင်မှု ဒီဇိုင်းကို အသားပေးထုတ်လုပ်ထားပါ တယ်။ ရှေ့မီးခွက်တွေကိုတော့LED မီးကြီးတွေ တပ်ဆင်ထုတ် လုပ်ထားတာ တွေ့ရပါတယ်။

ပတ်လည်မှန် အရောင်ဝင်နေပြီး နောက်မှန်ဝိုက်ဘာနဲ့ နောက်မှန် Spoiler တွေကလည်း ကိုယ်ထည်ပိုင်းပြည့်စုံတဲ့ ကား တစ်စီးဖြစ်စေပါတယ်။ ကားခွေ တွေကို လက်မ ၂၀ အလွိုင်းခွေ တွေ တပ်ဆင်ထားပြီး ကားအ ရောင်နဲ့ လိုက်ဖက်တဲ့ RIM အ ရောင်တွေနဲ့ တပ်ဆင်ထုတ်လုပ်ပါတယ်။

၂၀၁၆ အတွက် လုံခြုံမှုအကောင်းဆုံးကားဆု၊ ၂၀၁၆ အတွက်အကောင်းဆုံး မိသားစုစီး ကားဆုနဲ့  တခြားကားနဲ့သက်ဆိုင်တဲ့ ဆုပေါင်း ၁၇ ဆုရရှိထားတဲ့ ကားတစ်စီးဖြစ်ပါတယ်။ ဥရောပဈေးကွက်ထဲမှာတော့ 2016 model Honda Pilot ကို ဒေါ်လာ၃၀,၀၀၀ ကျော်ကနေ ဒေါ်လာ၄၆,၀၀၀ ကျော်အထိ ဂရိတ်အ လိုက် ဈေးခွဲခြားသတ်မှတ်ထားပါ တယ်။

ပြည်တွင်း ဈေးကွက်ထဲမှာ တော့ ၂၀၁၂ မော်ဒယ် Used ကားဆိုရင် ကျပ်သိန်း ၂၇၀ ကျော် ပေါက်ဈေးရှိပြီး မော်ဒယ်မြင့်၊ ဂရိတ်မြင့်လာရင်တော့ ဈေးကကျပ်သိန်း ၃၀၀ ကျော်အထိ ပေါက်ဈေးရှိနိုင်ပါတယ်။

—အောင်ဖြိုးမွန်

logo