Menu

You are here

အင်ကြင်းထူးရဲ့ Toyota Verossa

ဒီတစ်ပတ်ရဲ့ အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ မကြာသေးခင်က Miss Myanmar International 2016 သရဖူရရှိထားတဲ့ အလှမယ် အင်ကြင်းထူးကို သူ့ရဲ့ကားအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မင်္ဂလာပါ ညီမ။ အခုလက်ရှိစီးနေ တဲ့ ကားအမျိုးအစားနဲ့ ဒီကားဝယ်ဖြစ်ခဲ့ပုံလေးကို အရင်ဆုံးပြောပြပေးပါ။

ညီမ အခုလက်ရှိစီးနေတဲ့ ကားလေးကတော့ တိုယိုတာ (Verossa) ၂၀၀၂ အမျိုးအစား လေးဖြစ်ပြီး အင်ဂျင်ပါဝါက ၂.၀ ရှိပါတယ်။ ဒီကားလေးဝယ်ဖြစ်တာကတော့ အစက ညီမက Crown ကားစီးရာကနေ ရန်ကုန်မှာ ကားပြပွဲလုပ်ရာကနေ အဖေ့ကို ပူဆာလိုက်လို့ ဒီကားလေးစီးဖြစ်တာပါ။ ဒီကားလေးစီးဖြစ်တာ ၂၀၁၃ ကတည်းကဆိုတော့ အခုဆို သုံးနှစ်ကျော်နေပါပြီ။ နောက်တစ်ခု ဒီကားလေးက Crown ကားလိုပုံစံ မျိုးလေးနဲ့ဆင်တဲ့အတွက်လည်း ၀ယ်ဖြစ်ခဲ့တာပါ။

ဟုတ်ကဲ့ပါ။ ညီမကလည်း ကားအမျိုးမျိုး ပြောင်းစီးနေတာ ဆိုတော့ အရင်တုန်းက စီးဖြစ်တဲ့ကားနဲ့ အခု လက်ရှိကားလေးနဲ့ ဘယ်လိုတွေ ကွာခြားမှုရှိပါသလဲ။

ညီမ ပထမစီးတဲ့ ကားလေး က Crown အမျိုးအစားဆိုတော့  မောင်းရတာ သက်သောင့်သက် သာရှိသလို နောက်ကလိုက်စီးတဲ့  သူတွေအတွက်လည်း သက် သောင့်သက်သာ ရှိတယ်ပေါ့ နော်။ အားနည်းချက်အနေနဲ့က တော့ မရှိသလောက်ပါပဲအစ်မ။ နောက် ဒီကားလေးကျတော့ သူနဲ့ ပုံစံတူပေမယ့် Crown လိုတော့သက်သောင့်သက်သာ မရှိဘူး။ ဒါပေမဲ့ ကားမောင်းတဲ့အခါ ပုံစံ က ကျစ်ကျစ်လျစ်လျစ်ရှိတော့ မောင်းရတာပေါ့ပါးတယ်။ ကားပါကင်ထိုးရတာလည်း အဆင်ပြေတယ်။ ညီမက ဒီကားလေးနဲ့ဆို ရန်ကုန်-မန္တလေးအသွားအပြန် မောင်းရတာ ပိုများတယ်။ ခရီး ဝေးတွေမောင်းလို့ တော်တော်အ ဆင်ပြေပါတယ်။

အခုလက်ရှိစီးနေတဲ့ ကားလေးနဲ့ ခရီးသွားတာ များတယ်ဆိုတော့ နောက်ထပ်ကောဘယ်လိုနေရာ မျိုးကိုသွားချင်ပါသလဲ။

ညီမ ဒီကားလေးနဲ့က မိသားစုတွေ အမြဲခရီးထွက်ဖြစ်တယ်။ ဟိုတစ်လောကပဲ မိသားစုနဲ့ပုဂံ ခရီးသွားဖြစ်ခဲ့တယ်။ အဲဒီခရီးစဉ်လေးကတော့ ညီမအတွက် အမှတ်တရဖြစ်စေခဲ့တယ်။ ဘာလို့လဲဆိုတော့ ညီမတို့ သွားတာမိုးရာသီဆိုတော့ မိုးတွေအရမ်းရွာနေတဲ့ အချိန် ပြသာဒ်ကြီးဘုရားသွားတဲ့ လမ်းမှာ လမ်းမှားပြီး ကားဘီးနွံထဲ နစ်နေခဲ့တာအစ်မ။ ညီမတို့ မိသားစုတွေ ပျာယာခတ်ပြီး ကားကိုနွံထဲ ကရုန်းနေတာ လေးနာရီလောက် ကြာသွားတယ်။ အဲဒီအဖြစ်လေး ကတော့ တကယ့်အမှတ်တရပါ ပဲ။ ဒီကားလေးနဲ့ နောက်ထပ်သွား ချင်တာကတော့ ချောင်းသာကိုအ ပန်းဖြေခရီးသွားချင်ပါတယ်။

နောက်ထပ် ကားပြောင်းစီးမယ် ဆိုရင်ကော ဘယ်လို ကားအမျိုး အစားလေးစီးချင်ပါသလဲ။

နောက်ထပ် ကားဝယ်စီးရ မယ်ဆို မာစီဒီး၊ Chevrolet အမျိုး အစားကားသေးသေးလေးတွေစီး ချင်ပါတယ်။ နောက်ပြီး မီနီကူးပါး လေးတွေလည်း စီးချင်ပါတယ်။

ညီမလေးအနေနဲ့ မန္တလေးမှာနေ တာကြာပြီဆိုတော့ ရန်ကုန်မှာ ကားမောင်းတာ အခက်အခဲ ရှိလား၊ ဘယ်လို အခြေအနေရှိပါ သလဲဆိုတာ သိချင်ပါတယ်။

ဟုတ်ကဲ့ အစ်မ။ ညီမအခု အချိန်အထိတော့ ကားမောင်းရ တာ အခက်အခဲဖြစ်နေတုန်းပဲ။ ညီမက ပြိုင်ပွဲပြိုင်မှသာ ရန်ကုန်ကို ပြောင်းလာတာ။ အခုဆို ကားမောင်းတာ တစ်လလောက်ပဲရှိ သေးတယ်။ မန္တလေးမှာ ကား  မောင်းတာ ကျင့်သားရနေပြီဆို တော့ လမ်းတွေလည်း ကျွမ်းနေ ပြီ။ နောက်ပြီး အဲဒီမှာက ဆိုင် ကယ်တွေပဲ အဓိကရှောင်ပြီးမောင်းရတော့ ဘာမှအခက်အခဲ မရှိဘူး။ ဒီမှာကတော့ ညီမကား မောင်းတာ လမ်းတွေမသိတော့  တစ်နေရာရာသွားပြီဆို GPS ဖွင့်ပြီးမောင်းနေရတာနဲ့တင် အချိန် တော်တော်ကြာတယ်။ ပြီးတော့တစ်လမ်းမောင်းတွေမှန်းမသိ တော့ မှားဝင်တာတွေ၊  ကားပါကင်နေရာရှာဖို့ ခက်တာတွေက အခု အချိန်အထိတော့ ဖြစ်နေတုန်းပဲအစ်မ။ နောက်ပြီး ဒီမှာက ကား ပါကင်ဆိုရင် နှစ်ထပ်ထိုးတာ၊ ကားပါကင်နေရာဦးတာတွေက နေရာတော်တော်များများမှာ ဖြစ်နေတော့ အဲဒါလေးကို သက်ဆိုင်ရာတွေက စနစ်တကျလုပ်ပေး မယ်ဆိုရင် ယာဉ်ကြောကျပ်တည်း တာတွေ လျော့သွားမယ်လို့ ထင် ပါတယ်။

နောက်ဆုံးအနေနဲ့ ကားမောင်းတဲ့သူတွေအတွက် အကြံပြုစကားလေးပြောပြပေးပါ။

ကားမောင်းတဲ့သူတွေ အ တွက်ရော၊ ကားလိုက်စီးတဲ့သူတွေအတွက်ရော ဘယ်လိုကား အမျိုးအစားပဲစီးစီး ကိုယ့်ကိုယ် ကို Safe ဖြစ်ဖို့က အရေးကြီး ဆုံးပါ။ ညီမလည်း ကားမောင်း ပြီဆို ကားနဲ့ပတ်သက်တဲ့ ဆီရေ လေ၀ိုင်ကို အမြဲစစ်တယ်။ ပြီးရင် အရေးကြီးဆုံးက ခါးပတ်ပတ်ပါ တယ်။ ခါးပတ်ပတ်ပြီးမောင်းတာ ကိုယ့်အတွက် Safe အဖြစ်ဆုံးပါ။ နောက်ပြီး ကားမောင်းနေရင်းနဲ့  သီချင်းနားထောင်တာ၊ ဖုန်းပြော တာတွေကို မလုပ်တာအကောင်း ဆုံးပါ။ နောက်ပြီး ကားမောင်းတဲ့ သူတွေအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာ ပြီး မောင်းမယ်ဆို ဘေးအန္တရာယ် ကင်းပြီး ကိုယ်သွားလိုတဲ့ခရီးကို ရောက်နိုင်ပါတယ်လို့ အကြံပြု ပြောကြားချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။      ။

logo