Menu

You are here

Mazda CX-9

မာဇဒါက ထုတ်လုပ်တဲ့ ကားအမျိုး အစာတွေထဲက မော်ဒယ်မြင့်ကား တစ်စီးဖြစ်တဲ့ Mazda CX-9အကြောင်းကို အခုတစ်ပတ်ရဲ့ 7Day Cars အယ်ဒီတာအကြိုက် အဖြစ် ရွေးချယ်ဖော်ပြပေးလိုက် ပါတယ်။

Mazda CX-9 ကို 2009 မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Crossover SUV ကိုယ်ထည်ကား တစ်စီးဖြစ်ပါတယ်။ ကိုယ်ထည် ပိုင်းတောင့်တင်းပြီး အရွယ်အစားကြီးမားတဲ့ SUV ကိုယ်ထည်ကား ကြီးမဟုတ်ပေမယ့် အလတ်စား ကိုယ်ထည် SUV ကားတစ်စီးအဖြစ် ထုတ်လုပ်လာတာ တွေ့ရပါတယ်။

အင်ဂျင်စွမ်းဆောင်ရည်နဲ့ အရွယ်အစားတွေကိုတော့ မြင်းကောင်ရေ ၂၅၀ အားရှိတဲ့ ၂ဒသမ၅လီတာ အင်ဂျင်ကို တပ်ဆင်ထုတ် လုပ်ပေးထားတာ တွေ့ရပါတယ်။ ဂီယာအမျိုးအစားကိုတော့ အော်တိုဂီယာ ခြောက်ချက်ဖြင့် ထုတ် လုပ်ထားပြီး လိုအပ်သလိုပြောင်း လဲမောင်းနှင်နိုင်မယ့် Sport ဂီယာ Manual Shift ကို စတီယာရင်မှာ တပ်ဆင်ထုတ်လုပ် ပေးထားပါ တယ်။

ဇိမ်ခံကားတစ်စီး၊ မိသားစု စီးကားတစ်စီးအပြင် ခရီးဝေးသွား ဖို့ပါ သင့်တော်တဲ့ ကားတစ်စီးအဖြစ်ထုတ်လုပ်ထားတာ တွေ့ရပါ တယ်။ မာဇဒါရဲ့ ထုံးစံအတိုင်းSUV ကားတွေကို အတွင်းခန်းဇိမ်ခံ ပစ္စည်းတွေ တပ်ဆင်ထုတ်လုပ်တဲ့အပြင် လုံခြုံရေးပိုင်းကိုလည်း မာဇဒါရဲ့ လုံခြုံရေးနည်းပညာတွေ ပေါင်းစပ်ထုတ်လုပ်လာတာ တွေ့ရပါတယ်။

အင်ဂျင်ပိုင်းကိုလည်း မာဇဒါ ရဲ့ နောက်ဆုံးပေါ်အင်ဂျင်ဖြစ်တဲ့ Skyactiv နည်းပညာပါဝင်တဲ့ အင်ဂျင်ကို တပ်ဆင်ထုတ်လုပ်ထား ပါတယ်။  အတွင်းခန်းထိုင်ခုံ တွေကို Leather ထိုင်ခုံတွေအ ဖြစ် တပ်ဆင်ထုတ်လုပ်ထားပြီး အပူအအေးချိန်ညှိပေးနိုင်တဲ့ ထိုင် ခုံတွေအဖြစ် တွေ့ရပါတယ်။

စတီယာရင် ကွန်ထရိုးပိုင်း ကိုလည်း ပြည့်စုံတဲ့ ထိန်းချုပ်မှု တွေနဲ့ တပ်ဆင်ပေးထားလို့ ယာဉ် မောင်းက ကားတစ်စီးလုံးရဲ့ ထိန်းချုပ်မှုစနစ်ကို အကောင်းဆုံးကိုင် တွယ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါ တယ်။

Dashboard ဒိုင်ခွက်တွေကို လည်း မီတာဒိုင်ခွက်တွေအပြင် ဒစ်ဂျစ်တယ်ဒိုင်ခွက်တစ်ခုကိုပါ  အပိုတပ်ဆင်ပေးထားလို့ မောင်းနှင်မှုစနစ်ကို ပြည့်ပြည့်စုံစုံစောင့် ကြည့်နိုင်မှာ ဖြစ်ပါတယ်။ အတွင်းခန်းအခြားတပ်ဆင်မှုတွေဖြစ်တဲ့ ဂီယာကွန်ထရိုး၊ မီဒီယာပိုင်းကွန် ထရိုးနဲ့ အဲကွန်းကွန်ထရိုးစနစ်ပိုင်း တွေကိုလည်း ပြည့်စုံတဲ့ ဇိမ်ခံကား တစ်စီးလို တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။

Mazda CX-9 ကို SportType ကားတစ်စီးအဖြစ် ထုတ် လုပ်ထားတဲ့အတွက် ကားဂီယာ တံရဲ့ ဘေးဘက်မှာ Sport Typeအဖြစ် လိုအပ်သလိုပြောင်းလဲ မောင်းနှင်နိုင်မယ့် Sport ခလုတ် ပါဝင်တာ တွေ့ရပါတယ်။ ဇိမ်ခံ တစ်စီးဖြစ်တဲ့အတွက် ပါဝါ၀င်းဒိုးပတ်လည်ဖြစ်တာတွေကိုတော့ ပြောစရာမရှိပေမယ့် ထိုင်ခုံအား လုံးကိုပါ Sport Type ပါဝါထိုင်ခုံ တွေအဖြစ် ထုတ်လုပ်ထားတာက တော့ ထူးခြားချက်တစ်ခုအဖြစ် တွေ့ရပါတယ်။

ကိုယ်ထည်ပိုင်း

ကားကိုယ်ထည်ပိုင်းက SUVကိုယ်ထည်လောက် မကြီးမားတဲ့အတွက် Crossover ကိုယ်ထည် အဖြစ် သတ်မှတ်ထားပေမယ့် Mazda ကတော့ SUV ကိုယ်ထည်ကားအဖြစ် ထုတ်လုပ်လာတာဖြစ် ပါတယ်။ ကားအောက်ပိုင်းက အ နည်းငယ်နိမ့်နေတာကြောင့် SUVလို့ သတ်မှတ်ရမှာထက် Cros-sover ကားတစ်စီးနဲ့ ပိုပြီးကိုက် ညီနေတာ တွေ့ရပါတယ်။

ဒါပေမဲ့ ကိုယ်ထည်ကို ဗြက်ကျယ်ကျယ်တည်ဆောက်ထား တာက ကားအောက်ပိုင်းနိမ့်နေ တာနဲ့ လိုက်ဖက်ပြီး ထိန်းချုပ် မောင်းနှင်ရတဲ့အပိုင်းမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။ ကျစ်လျစ်တဲ့ ကိုယ်ထည်ပိုင်းဖွဲ့စည်းပုံအပြင် ကားမီးပိုင်းတပ်ဆင်ထုတ်လုပ်မှု တွေကလည်း ရှေ့မီးကြီး LED မီးခွက်တွေအပြင် နောက်မီးနဲ့ အ ချက်ပြမီးတွေကိုပါ LED မီးတွေတပ်ဆင်ပေးထားတာ တွေ့ရပါ တယ်။

ရှေ့နောက် Fog-light  တွေမပါဝင်တဲ့အပြင် နောက်ကြည့်မှန် တွေမှာလည်း အချက်ပြမီး မပါဝင်တာကတော့ CX-9 ရဲ့ အားနည်းချက်လို့ သတ်မှတ်ရမှာ ဖြစ်ပါ တယ်။

အတွင်းခန်း

SUV ဇိမ်ခံကားတစ်စီးအဖြစ် ထုတ်လုပ်ထားတဲ့ ကားတစ်စီးဖြစ် တဲ့အတွက် ထိုင်ခုံနဲ့ Dashboard တွေကို Leather တစ်ရောင်တည်း နဲ့ တပ်ဆင်ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ အတွင်းခန်း LCD ကိုခေါက် TV Touch Screen နဲ့တပ်ဆင်ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

ထိုင်ခုံသုံးတန်းထဲက ရှေ့ ထိုင်ခုံ နှစ်တန်းကို Sport Type ပါဝါထိုင်ခုံတွေ တပ်ဆင်ထုတ်လုပ်ထားပါတယ်။ အဲကွန်းကိုClimate Sensor တပ်ဆင်ထား တဲ့ အော်တိုအဲကွန်းစနစ်ကို ပတ် လည်တပ်ဆင်ပေးထားပါတယ်။

လုံခြုံရေးစနစ်

ကားရဲ့လုံခြုံရေးစနစ်ပိုင်း တွေကိုတော့ မာဇဒါရဲ့ ကားပတ် လည်အာရုံခံနည်းပညာသစ်ဖြစ် တဲ့ I-Activesense လုံခြုံရေးနည်းပညာကို တပ်ဆင်ပေးထားပါ တယ်။ ဒါ့အပြင် ရှေ့နောက်အကွာအဝေးတိုင်းထွာအချက်ပြ နည်းပညာဖြစ်တဲ့  Distance Recogni-tion စနစ်၊ အလင်းရောင်လိုအပ် သလို ထိန်းညှိလုပ်ဆောင်ပေးတဲ့ Adaptive Front Lighting စနစ်၊ ကားနောက်မမြင်ကွယ်ရာက ချဉ်းကပ်မှု အချက်ပြစနစ်ဖြစ်တဲ့ Advanced Blind Spot စနစ်တွေ ကို တပ်ဆင်ထုတ်လုပ်ပေးထား တာ တွေ့ရပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ တော့ ၂၀၁၄ မော်ဒယ် Mazda CX-9 တစ်စီးကို ကျပ်သိန်း ၈၂၀ ပေါက်ဈေးရှိပြီး မော်ဒယ်မြင့်လာ တာနဲ့အမျှ ကျပ်သိန်း ၁၀၀ မှ ၁၅၀ ကြား ဈေးပိုလာနိုင်ပါတယ်။

_အောင်ဖြိုးမွန်

logo