Menu

You are here

HONDA FIT 2013 Late

အခုတစ်ပတ်အတွက် 7Day အယ်ဒီတာအဖွဲ့က ရွေးချယ်လိုက်တဲ့ ကားလေးကတော့ ပြည်တွင်းမှာလည်း လူကြိုက်များနေတဲ့ ဟွန်ဒါဖစ်ရဲ့ နောက်ပိုင်းထွက် မော်ဒယ်တွေထဲက ၂၀၁၃ နောက်ဆုံးထွက် (2013 Latest)ကို ရွေးချယ်ဖော်ပြပေးမှာဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက်အတွင်းမှာတော့ ၂၀၁၄ မော်ဒယ်လို့ပဲ ပြောကြပြီး ပေါက်ဈေးကျပ်သိန်း ၁၈၀ ခန့် ဈေးရှိနေပြီး ပထမပိုင်းထုတ်လုပ်ခဲ့တဲ့ ၂၀၁၀ ပုံပြောင်း GE6 ထက် ပိုမိုကောင်းမွန်တဲ့ ဂရိတ်ပိုင်း၊ အတွင်းခန်း၊ အပြင်ပိုင်းနဲ့ နည်းပညာပိုင်းဆိုင်ရာတွေ ပါဝင်လာပါတယ်။

၂၀၁၃ မော်ဒယ်ဟွန်ဒါဖစ်ရဲ့ ဂရိတ်တိုင်းအတွက် ပတ်လည် အဲကွန်းဖြစ်တာ၊ လေအိတ်ပတ် လည်ခြောက်လုံးဖြစ်တာ၊ ECON Assist စနစ်ပါဝင်တာတွေက ထူး ခြားချက်တွေအဖြစ် ပါဝင်လာပါ တယ်။

ဟွန်ဒါဖစ်ကို ၂၀၀၁ ခုနှစ် ဇွန်လပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ ပြီးတော့ Chassis အုပ်စု သုံးမျိုးနဲ့ အင်ဂျင်ပါဝါနှစ်မျိုး ထုတ်လုပ်ခဲ့ပါ တယ်။ ပြည်တွင်းဈေးကွက်ထဲမှာ တော့ 2013 Late (2014) မော် ဒယ်လောက်အထိ တင်သွင်းအ သုံးပြုနေကြပါတယ်။

ဟွန်ဒါဖစ်ကို ပြည်တွင်းမှာ လူသိအများဆုံးက GE6 ဖြစ်ပါတယ်။ GE6 ဆိုတာက ဟွန်ဒါဖစ် ရဲ့ ဒုတိယမျိုးဆက် Chassis အုပ်စုဖြစ်ပါတယ်။

ဟွန်ဒါဖစ်ကို ၂၀၀၁ မှ ၂၀၁၅ အထိ မျိုးဆက်သုံးခုနဲ့ ထုတ်လုပ်ပါတယ်။ ပထမမျိုးဆက်ကို ၂၀၀၁ မှ ၂၀၀၇ ဇွန်လ ပိုင်းအထိ GD Chassis အုပ်စုနဲ့ထုတ်လုပ်ပါတယ်။ ဒုတိယမျိုးဆက်ကို ၂၀၀၆ ဇူလိုင်လပိုင်းမှ ၂၀၁၂ အောက်တိုဘာအထိ GE Chassis အုပ်စုနဲ့ ထုတ်လုပ်ပါတယ်။ တတိယမျိုးဆက်ကို ၂၀၁၃ စက်တင်ဘာမှ ၂၀၁၅ အထိ GK Chassis အုပ်စုနဲ့ ထုတ်လုပ်ပါတယ်။

ပြည်တွင်းမှာ တင်သွင်းအသုံးပြုမှုအများဆုံးက GDအုပ်စုနဲ့ GE အုပ်စု ဖြစ်ပါတယ်။ GK အုပ်စုကိုတော့ တင်သွင်းမှုနည်းပါတယ်။ ဟွန်ဒါဖစ်ထဲမှာ ဂရိတ် အမြင့်ဆုံးနဲ့ နောက်ဆုံးမော်ဒယ်တွေက GK အုပ်စုဝင်တွေထဲမှာ တွေ့ရပါတယ်။

GD နဲ့ GE အုပ်စုဝင်တွေအကြောင်း လူသိများကြပေမယ့် လူသိနည်းတဲ့ GK အုပ်စုဝင်ကားတွေကို ရွေးချယ်ဖော်ပြပေးပါမယ်။ ဟွန်ဒါဖစ်ရဲ့ တတိယ မျိုးဆက်ကို GK အုပ်စုလို့ သတ်မှတ်ပါတယ်။ GK မှာ Chassis အမျိုးအစားလေးမျိုးခွဲခြားပါတယ်။

Chassis GK3-1300cc-CVT/ 5MT-2WD

Chassis GK4-1300cc-CVT-4WD

Chassis GK5-1500cc-CVT/ 6MT-2WD

Chassis GK6-1500cc-CVT-4WD ဆိုပြီး Chassis တွေကို ခွဲခြားထုတ်လုပ်ပါတယ်။

GK3

အင်ဂျင်အရွယ်အစား ၁၃၀၀ စီစီ၊ ဂီယာကို CVT နဲ့ မန်နူရယ်ငါးချက်နှစ်မျိုး၊ ရှေ့စွဲအင်ဂျင်နဲ့ ထုတ်လုပ်ပါတယ်။

GK4

အင်ဂျင်အရွယ်အစား ၁၃၀၀ စီစီ၊ ဂီယာကို CVT တစ်မျိုး တည်းနဲ့ လေးဘီးယက်အင်ဂျင်ကို ထုတ်လုပ်ပါတယ်။

GK5

အင်ဂျင်အရွယ်အစား ၁၅၀၀ စီစီ၊ ဂီယာကို CVT/ မန်နူရယ်ဂီယာ ခြောက်ချက်နှစ်မျိုးနဲ့ ရှေ့ဆွဲအမျိုးအစားဖြစ်ပါတယ်။

GK6

အင်ဂျင်အရွယ်အစား ၁၅၀၀ စီစီ၊ ဂီယာကို CVT တစ်မျိုးတည်းနဲ့ လေးဘီးယက်ဖြစ်ပါ တယ်။

၂၀၁၂ မှာ အဆုံးသတ်ခဲ့တဲ့ GE အုပ်စုမှ GK အုပ်စုကိုပြောင်းလဲချိန်မှာ ပုံပြောင်းကို ထုတ်လုပ်ပါတယ်။ ၂၀၁၃ ပုံပြောင်းလို့ လူသိများပြီး ရှေ့ရှဲလ်၊ မီးခွက်၊ မီးသီး၊ နောက်မှန်ကစပြီး အတွင်းကအစ ပုံစံပြောင်းလဲသွားပါတယ်။

အဓိကပြောင်းလဲသွားတာတွေကတော့အတွင်းခန်းထိုင်ခုံတွေက Half Leather ၊ စ်ဂျစ်တယ်ဒိုင်ခွက်၊ စတီယာရင်ကွန်ထရိုးလ်၊ Touch TV၊ အော်တိုအဲကွန်းပတ်လည်အပြည့် ဖြစ်ပါတယ်။ နည်းပညာပိုင်းအနေနဲ့တော့ ECO Assist, Hill Start Assist, ABS, EBD, Tire Pressure MonitoringSystem, Daytime Running Light တွေပါဝင်ပါတယ်။မီဒီယာပိုင်းမှာတော့ ၅ လက်မ ကာလာ LCD၊ 160 Watt AM/FM/CD နဲ့ စပီကာလေးလုံး၊ Bluetooth (Streaming Audio နှင့် Hands Free Link)၊ USB Audio ပါဝင်တာ တွေ့ရပါတယ်။

မီးပိုင်းမှာတော့ Multi- Reflector Halogen ရှေ့မီးကြီး (Auto On/Off)၊ LED ဘရိတ်မီး၊ နောက်မှန် Roofline Spoiler တို့ ကို တပ်ဆင်ထားပါတယ်။

ကားခွေကိုတော့ စတီးခွေ၊ အလွိုင်းခွေတွေက ဂရိတ်ပေါ် မူတည်ပြီး ပါဝင်တာချင်းမတူညီ ကြပါဘူး။

အဲဒီလိုပဲ တခြား အစိတ် အပိုင်းတွေဖြစ်တဲ့ ရှေ့ရှဲလ်အကြီး အသေး၊ Fog Light၊ ရှေ့နောက် စကတ် အကြီးအသေး ဆိုတာတွေလည်း ဂရိတ်အမျိုးအစားအလိုက် ပါဝင်မှုကွဲလွဲတာ တွေ့ရပါတယ်။

ဂရိတ်အားလုံးအတွက် ပါဝါစတီယာရင်၊ နောက်ကြည့်ဘေးမှန်မီးပါ၊ နောက်မီးခွက် LED ပျားအုံကွက်၊ စမတ်ကီး၊ အော်တို မှန်ချိုးမှန်ခေါက်တွေ ဖြစ်ပါတယ်။

အထူးခြားဆုံးအချက်ကတော့ ဟွန်ဒါဖစ် ၂၀၁၃ ကစပြီး ဆီစား နှုန်းသိသိသာသာလျော့ကျစေတဲ့ ဟွန်ဒါရဲ့ ECON Assist နည်း ပညာကို အသုံးပြုထားပါတယ်။ ECON Assist စနစ်ကြောင့် ၂၀၁၃ နောက်ပိုင်း မော်ဒယ် ဟွန်ဒါဖစ်တွေက ဆီစားနှုန်း ၁၉ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်ပါတယ်။

ဖော်ပြပါ အတွင်းပိုင်း၊ အ ပြင်ပိုင်း အပြင်အဆင်သတ်မှတ် ချက်တွေက စက်ရုံထုတ်လုပ်မှု မူရင်းသတ်မှတ်ချက်တွေအတိုင်း ဖော်ပြတာဖြစ်ပြီး တစ်ဆင့်ပြန် လည်ရောင်းချသူတွေရဲ့ အဆင့်မြှင့်တင်တပ်ဆင်မှု (Modified)၊ ပြောင်းလဲတပ်ဆင်မှုတွေပေါ် မူတည်ပြီး အနည်းငယ် ကွာခြားမှု တွေတော့ ရှိနိုင်ပါတယ်။

သတင်းထောက်-အောင်ဖြိုးမွန်

logo