Menu

You are here

ခင်ရူပရဲ့ Mark X 2004

ဒီတစ်ပတ်အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ မော်ဒယ်သရုပ် ဆောင် ခင်ရူပရဲ့ လက်ရှိစီးဖြစ်နေတဲ့ ကားအမျိုးအစားနဲ့ ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကို မေးမြန်းထားပါတယ်။

လက်ရှိစီးနေတဲ့ ကားအကြောင်းလေး ပြောပြပေးပါဦး။

အခုစီးနေတဲ့ကားက Mark X 2004 မော်ဒယ် အဖြူရောင်ပါ။စီးဖြစ်လာတာ တစ်နှစ်ခွဲကျော် လောက်ရှိပါပြီ။

ဒီကားကို ဘာကြောင့်ရွေးချယ်စီး ဖြစ်ခဲ့တယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။

ဒီကားကို စီးဖြစ်ခဲ့တာက ညီမက Saloon Type ကြိုက်တာတစ်ကြောင်းရယ်၊ ဒီကားက သွားလိုရာခရီးကို ကားဆွဲနိုင်တယ်။ ကားက အဖြူရောင်လေးဖြစ်တာရယ်နဲ့ ကားနံပါတ်လေး ကြိုက် တာရယ်ကြောင့် စီးဖြစ်ခဲ့တာပါ။

ဒီကားကိုစီးခဲ့အခါမှာ အဆင်ပြေတဲ့အချက်နဲ့ အဆင်မပြေတဲ့အချက်တွေရှိရင်လည်း ပြောပြပေးပါဦး။

အဆင်ပြေတဲ့ အချက်က ကိုယ်နင်းရင် နင်းသလောက် ရောက်တာပေါ့နော်။ အဆင်မပြေတဲ့အချက်က ကိုယ်နင်းရင် နင်းသလောက် ဆီကုန်တာပဲ။ အင်ဂျင်ပါဝါကလည်း 3.0ဆိုတော့ ဆီတော့စားတယ်။ ဒါပေမဲ့ သွားရလာရတာလေးကတော့ တော် တော်အဆင်ပြေပါတယ်။

ကိုယ်တိုင်မောင်းဖြစ်တော့ ကားရဲ့လုပ်ဆောင်မှုပိုင်းတချို့ကိုလည်း ပြောပြပေးပါဦး။

 ကိုယ်တိုင်မောင်းဖြစ်ပါတယ်။ တစ်ခါတလေတော့ အနည်းနဲ့အများ ကားရဲ့ ဘာသာဘာဝအရ ဒုက္ခပေးတာလေးတွေ တော့ရှိတာပေါ့။ အခက်အခဲအကြီးကြီးအနေနဲ့တော့ မဖြစ်ဖူးသေးပါဘူး။

ဒီကားနဲ့ ရန်ကုန်မြို့ထဲမှာ မောင်းတဲ့အခါမှာ ဘယ်လိုအခက်အခဲ တွေကြုံတွေ့ရလဲ။

ရန်ကုန်မြို့ထဲမှာ မောင်းရင်တော့ ဒီကားမှမဟုတ်ဘူး။ ဘယ် ကားနဲ့မဆိုပါ အဓိကကတော့ တချို့နေရာလေးတွေမှာ လမ်းအရမ်းကျပ်တာမျိုးတွေ၊ ကားမောင်းလို့ အဆင်မပြေတာမျိုးလေးတွေ ရှိတယ်။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးကြောင့်လို့ တော့ ညီမထင်တယ်။ ဒီကားနဲ့ပတ်သက်ပြီးလို့တော့ လမ်းသွားရင်း ပျက်သွားတာမျိုးတော့မဖြစ် သေးပါဘူး။ ခရီးကအရမ်းအဝေးကြီးလည်း မထွက်ဖြစ်သေးဘူး။ မြို့တွင်းလောက်ပဲ သွားဖြစ်သေးတယ်။

ဒီကားမတိုင်ခင် စီးဖြစ်ခဲ့တဲ့ ကားတွေနဲ့ ဒီကားနဲ့ ဘာကွာခြားမှုရှိလဲ။

ညီမ ဒီကားမတိုင်ခင်က စီးတဲ့ကားက Honda Civic လေးစီး တယ်။ ကွာခြားချက်ကတော့ ဒီကားက ပိုဆွဲတယ်။ Honda လေးတုန်းကတော့ Hybrid ဖြစ်တာတစ်ကြောင်းရယ် ဘက်ထရီနည်း နည်း ဒုက္ခပေးတာမျိုးဖြစ်တတ် တာမျိုးလေးရှိတယ်။ အဲဒီလောက်ပါပဲ။ အရမ်းကွာခြားချက်တော့ မရှိဘူး။ Hybrid ကတော့ ဆီအဲဒီ လောက်မစားဘူးပေါ့။

ကားအလှဆင်ဖြစ်တဲ့အပိုင်းတွေ ရှိရင်လည်း ပြောပြပေးပါဦး။

ကားအလှဆင်တာမှာတော့ ညီမက သူများတွေကို Skirt ထည့်တာတို့၊ အောက်မှာ Spolier ထည့်တာတို့ အရမ်းရှုပ်ရှုပ်ယှက် ယှက်လုပ်တာမျိုးတွေ၊ Matte ကပ်တာတို့ ကာလာကစားတာတို့ မကြိုက်ဘူး။ ညီမက နဂိုအတိုင်း လောက်ပဲကြိုက်တယ်။ ဒါပေမဲ့ ကိုယ်နည်းနည်းကြိုက်တဲ့ စတစ်ကာမျိုးလောက်လေး ကားမှာကပ် တာတို့ အတွင်းခန်းဆိုလည်း ကိုယ်ကြိုက်တဲ့ ခုံအစွပ်လေး လုပ်ဖြစ်တယ်။ အရမ်းကြီး ထွေထွေ ထူးထူး အလှဆင်ရတာမျိုးတော့ မကြိုက်ဘူး။ ရှေ့မှာ ကပ်ထားတဲ့ စတစ်ကာကတော့ အလှပါပဲ။ အောက်က ချိတ်လေးနဲ့ရယ်၊ မျက်လုံးလေးနဲ့ရယ်ကြိုက်လို့ အဓိကကတော့ ကိုယ့်အကြိုက်လုပ်တဲ့သဘောပါပဲ။ အဓိပ္ပာယ်တစ်ခု အနေနဲ့ လုပ်တာတော့ မဟုတ်ပါ ဘူး။

နောက်ထပ် စိတ်ကူးထဲကနေ စီးချင်တဲ့ ကားအမျိုးအစားရှိရင်လည်း ပြောပြပေးပါဦး။

စိတ်ကူးထဲက ကားအမျိုး အစားဆိုရင် ညီမက Saloon Typeပုံစံပဲကြိုက်တယ်။ Saloon Typeထဲမှာဆိုရင် lexus မိန်းကလေးလိုက်မယ့် ပုံစံမျိုးလေးတွေ ကြိုက် တယ်။ လောလောဆယ်မှာတော့ အစီအစဉ်တော့ ရှိတယ်။ ဒါပေမဲ့ မလုပ်ဖြစ်သေးဘူးပေါ့။

ဒီကားနဲ့ အသွားချင်ဆုံး ၊အမောင်းချင်ဆုံးနေရာက ဘယ်နေရာဖြစ်မလဲ။

ဒီကားလေးနဲ့ ကမ်းခြေကို သွားချင်တယ်။ တစ်ခါမှလည်း မသွားရသေးဘူးဆိုတော့။

ကားမောင်းတဲ့သူတွေအတွက် ခင်ရူပရဲ့ အကြံပြုစကား ပြောပေးပါဦး။

ရန်ကုန်မြို့မှာ အခုအချိန်ထိ မပျောက်ပျက်နိုင်သေးတဲ့ ကားအရမ်းရှုပ်တာတွေ၊ တချို့ မီးပွိုင့်ပျက်တဲ့နေရာမှာ ကားတွေအချင်း ချင်း ဦးစားမပေးတာရယ်၊ ဘတ်စ်ကားတွေ စည်းမဲ့ကမ်းမဲ့မောင်း တာရယ်ကြောင့် ကားအသေးတွေ အရမ်းဒုက္ခရောက်တယ်။ ဒါပေမဲ့ တချို့မှာ  မီးပွိုင့်ပျက်ပေမယ့် လည်း မော်တော်ပီကယ်လာရှင်း ပေးတာကြောင့် အဆင်ပြေတယ်။အဓိကကတော့ လမ်းပန်းဆက် သွယ်ရေးမှာ စည်းကမ်းရှိရှိနဲ့ စနစ်တကျမောင်းနှင်ဖို့ပဲ အရေးကြီး တယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

__ဖြူဖွေးသန့်

logo