Menu

You are here

Suzuki Vitara 2016

ဆူဇူကီးကထုတ်လုပ်တဲ့ နာမည်ကျော်ကားတွေထဲက Suzuki Vitara2016 အကြောင်းကို 7DayCars အယ်ဒီတာအကြိုက်အဖြစ် ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။

Suzuki Vitara ကို ၁၉၈၈ က စတင်ထုတ်လုပ်တဲ့ ကားတစ်စီးဖြစ်ပြီး Compact SUV ကိုယ်ထည်ကားအမျိုးအစားဖြစ်ပါတယ်။ ၂၀၁၅ နောက်ပိုင်းမှာ Crossover SUV ကားတစ်စီးအဖြစ် ပြောင်းလဲထုတ်လုပ်ပြီးနောက် အခုအချိန်အထိ Crossover အဖြစ် တွေ့ရ မှာဖြစ်ပါတယ်။

အင်ဂျင်အရွယ်အစားကို ၁၆၀၀ စီစီတစ်မျိုးတည်းနဲ့ ထုတ်လုပ်ထားပြီး ဂီယာတွေကို အော်တိုဂီယာဆိုရင် ခြောက်ချက်၊ မန်နူ ရယ်ဂီယာဆိုရင် ငါးချက်နဲ့ ထုတ်လုပ်ပေးထားပါတယ်။ မောင်နှင်မှုစနစ်ပိုင်းကို 4WD တစ်မျိုးတည်းနဲ့ SUV ကားပီသအောင် ထုတ် လုပ်ထားတာ တွေ့ရပါတယ်။ဒါ့အပြင် မောင်းနှင်မှုစနစ် 4WD ကို ခရီးလမ်းပေါ်မူတည်ပြီး လိုအပ်သလို ချိန်ညှိနိုင်တဲ့ DriveMode စနစ်ကိုလည်း တပ်ဆင် ထုတ်လုပ်ပေးထားတာ တွေ့ရပါတယ်။ ကားရှေ့မှာ တပ်ဆင်ပေးထားတဲ့ ရေဒါစနစ်က ကားကွန်ပျူ တာနဲ့ချိတ်ဆက်ပြီး ဘရိတ်ဖမ်း တာကို လုပ်ဆောင်တဲ့ Radar Brake စနစ်ကို တပ်ဆင်ပေးထားတာကလည်း ထူးခြားချက်အဖြစ် ပါဝင်ပါတယ်။

စတီယာရင်ကနေတစ်ဆင့် အလွယ်တကူ ပြောင်းလဲလုပ် ဆောင်နိုင်တဲ့ Adaptive Cruise Control ကလည်း လွယ်ကူတဲ့ မြန်နှုန်းထိန်းကျောင်းစနစ်ကို တွေ့ရ ပါတယ်။

Satellite နဲ့ ချိတ်ဆက်ထားတဲ့ ၇ လက်မ Touch Screen ကနေတစ်ဆင့် ကားမောင်းနှင်မှု လမ်း ကြောင်းတွေကို ညွှန်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ Smart Phone တွေ နဲ့ ချိတ်ဆက်လုပ်ဆောင်မယ့် မီဒီယာပိုင်းချိတ်ဆက်နိုင်မှုကလည်း ခေတ်ပေါ်ကားတွေထဲမှာ ကောင်းမွန်တဲ့ ကားတစ်စီးလို့ ဆိုနိုင်ပါတယ်။\

ဒါ့အပြင် Suzuki ရဲ့ DABစနစ် ရေဒီယိုကလည်း ကားရဲ့မီဒီယာပိုင်းမှာ ဖြည့်စွက်တပ်ဆင်မှုအ ဖြစ် တွေ့ရပါတယ်။ ရှေ့မီးကြီးကိုတော့ ကားအရောင်နဲ့ လိုက်ဖက်တဲ့ မီးခွက်အရောင်ထဲက LED Projectorမီးကို တပ်ဆင်ထားတာ တွေ့ရပါတယ်။

နောက်ထပ်ထူးခြားတဲ့ လုပ်ဆောင်ချက်ကတော့ ကားရဲ့ လောင်စာဆီအနည်းအများနဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုတွေကို အာရုံခံပြီး အလိုအလျောက် အင်ဂျင်ဖွင့်ပိတ်  စနစ်ကိုပါ တပ်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။

တောင်အဆင်းလမ်းတွေလို အရှိန်လွန်နိုင်တဲ့  လမ်းအမျိုးအစားတွေမှာ အရှိန်ထိန်းချုပ်ပေးနိုင်တဲ့ Hill Descent Control စနစ်ကိုပါ တပ်ဆင်ပေးထားပါတယ်။ ခေတ်ပေါ်ကားအများစုမှာ တပ်ဆင်ထုတ်လုပ်လာကြတဲ့ Tire Pressure Monitor စနစ်ကိုလည်းမပါမဖြစ် အနေနဲ့ တပ်ဆင်ပေးထားပါတယ်။

Suzuki Vitara ရဲ့ တပ်ဆင်ထုတ်လုပ်မှုအပိုင်းတွေကြောင့် ဆယ်နှစ်တာအတွင်း Best City SUVကားဆုကို ရရှိထားပါတယ်။ နည်းပညာပိုင်း ပေါင်းစပ်မှုအနေနဲ့ Apple CarPlay ချိတ်ဆက်မှုပါဝင်တာ ဖြစ်ပါတယ်။

အတွင်းခန်း

Suzuki Vitara ရဲ့ အတွင်းခန်းကိုလည်းLeather ထိုင်ခုံ၊ ရှေ့ထိုင်ခုံ Sport Type, အဲကွန်းClimate Sensor စနစ်၊ စတီယာရင်ကွန်ထရိုးအပြည့်အစုံ၊ ပါဝါမှန်ပတ်လည်ဖြစ်တာတွေက တော့ ဇိမ်ခံကားကောင်းတစ်စီး ဖြစ်စေပါတယ်။

အင်ဂျင်

အင်ဂျင်ပိုင်းကိုတော့ Boo-ster Jet အင်ဂျင်အမျိုးအစား STurbo အင်ဂျင်အဖြစ် တပ်ဆင်ထုတ်လုပ်ပါတယ်။ ဆလင်ဒါလေးလုံး၊ 16 Valveတပ်ဆင်ထားတဲ့ ၁၆၀၀ စီစီအရွယ်အစား အင်ဂျင်ဖြစ်ပါတယ်။

ခွဲခြားထုတ်လုပ်တဲ့ ဂရိတ် တွေကတော့ RT-S , RT-X , S Turbo 2WD , S Turbo 4WD ဆို ပြီး ဂရိတ်လေးမျိုးခွဲခြားထုတ်လုပ် ပါတယ်။

ဈေးနှုန်းအနေနဲ့တော့  ပြည် တွင်းဈေးကွက်ထဲမှာ    ၂၀၁၁မော်ဒယ် Used ကားဆိုရင် ကျပ်သိန်း ၂၄၀ ခန့်ပေါက်ဈေးရှိပြီး မော်ဒယ်နဲ့ ဂရိတ်အလိုက်ဈေးနှုန်းကွာ ခြားချက်ရှိနိုင်ပါတယ်။

 

_အောင်ဖြိုးမွန်

logo