Menu

You are here

ေမာ္ေတာ္ယာဥ္မ်ားမွ ႀကိဳတင္၀င္ေငြခြန္ေကာက္ခံမႈ က်ပ္သန္းေပါင္း တစ္ေသာင္းခြဲေက်ာ္ရရွိ

ျပည္ပမွ တင္သြင္းလာေသာ ေမာ္ေတာ္ယာဥ္မ်ားအား ႀကိဳတင္ ၀င္ေငြခြန္ေကာက္ခံလ်ွက္ရွိရာ အခြန္ေကာက္ခံခဲ့သည့္ ၄လအတြင္း က်ပ္သန္းေပါင္း တစ္ေသာင္းခြဲေက်ာ္ရရွိထားၿပီျဖစ္ေၾကာင္း ျပည္တြင္း အခြန္မ်ားဦးစီးဌာနမွ သတင္း ရရွိသည္။
 
ဖရီးပါမစ္ျဖင့္ တင္သြင္းလာေသာ ကားမ်ားနွင့္ လုပ္ငန္းသံုးကားမ်ားမွ အခြန္လာေဆာင္သည့္ အစီးေရ အမ်ားဆံုးၿဖစ္ေၾကာင္း သိရသည္။
 
ေန႔စဥ္ ႀကိဳတင္၀င္ေငြခြန္လာေဆာင္သည့္ကားမ်ားထံမွ တစ္ေန႔လ်ွင္ သိန္းတစ္ေထာင္ေက်ာ္ ၀င္ေငြရွိေနေၾကာင္း ျပည္တြင္း အခြန္မ်ားဦးစီးဌာနမွထုတ္ၿပန္သည္။
ၾကိဳတင္၀င္ေငြခြန္စတင္ေကာက္ခံ ခဲ့သည့္ ဇြန္ ၁ရက္မွ စတင္ၿပီး စက္တင္ဘာ တတိယပတ္ အထိစာရင္းမ်ားအရ အစီးေရ ၁၂၀၀၀ ေက်ာ္ အား အခြန္ေကာက္ခံၿပီးျဖစ္ေၾကာင္း ထုတ္ၿပန္ခ်က္တြင္ေဖာ္ၿပပါရွိသည္။
 
ရန္ကုန္လိုင္စင္ျဖင့္ ကားတင္သြင္းမႈကို ရပ္ဆိုင္းထားေသာေၾကာင့္ အေရအတြက္ နည္းပါးေနျခင္းျဖစ္ၿပီး ရန္ကုန္ လိုင္စင္ ကားမ်ားအား တင္သြင္းခြင့္ၿပဳခဲ့ပါက ယခု ထက္ အေရအတြက္မ်ားျပားလာနိုင္ေၾကာင္း ျပည္တြင္း အခြန္မ်ားဦးစီးဌာနမွ ဒုတိယ ညႊန္ၾကားေရးမွဴးကဆိုသည္။
 
၂၀၁၆ ျပည္ေထာင္စုအခြန္ အေကာက္ဥပေဒအရ ၀င္ေငြရ လမ္း မေဖာ္ျပႏုိင္ပါက ေမာ္ေတာ္ ယာဥ္တန္ဖိုးကို တြက္ခ်က္၍ တစ္ က်ပ္မွ က်ပ္သိန္း ၃၀၀ အထိကိုႀကိဳတင္ ၀င္ေငြခြန္ ၁၅ ရာခုိင္ႏႈန္း၊ သိန္း ၃၀၀ အထက္မွ သိန္း ၁,၀၀၀ အထိ ႀကိဳတင္၀င္ေငြခြန္ ၂၀ ရာခိုင္ႏႈန္းႏွင့္ သိန္း ၁,၀၀၀ ႏွင့္ အထက္ကို ႀကိဳတင္၀င္ေငြခြန္ ၃၀ ရာခုိင္ႏႈန္းေကာက္ခံမည္ျဖစ္ ေၾကာင္းသတ္မွတ္ထားသည္။
 
#MoeNyo #Revenue #AutomobilePolicy #Import
 
Unicode
 
မော်တော်ယာဉ်များမှ ကြိုတင်ဝင်ငွေခွန်ကောက်ခံမှု ကျပ်သန်းပေါင်း တစ်သောင်းခွဲကျော်ရရှိ ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များအား ကြိုတင် ဝင်ငွေခွန်ကောက်ခံလျှက်ရှိရာ အခွန်ကောက်ခံခဲ့သည့် ၄လအတွင်း ကျပ်သန်းပေါင်း တစ်သောင်းခွဲကျော်ရရှိထားပြီဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သတင်း ရရှိသည်။ ဖရီးပါမစ်ဖြင့် တင်သွင်းလာသော ကားများနှင့် လုပ်ငန်းသုံးကားများမှ အခွန်လာဆောင်သည့် အစီးရေ အများဆုံးဖြစ်ကြောင်း သိရသည်။ နေ့စဉ် ကြိုတင်ဝင်ငွေခွန်လာဆောင်သည့်ကားများထံမှ တစ်နေ့လျှင် သိန်းတစ်ထောင်ကျော် ဝင်ငွေရှိနေကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှထုတ်ပြန်သည်။ ကြိုတင်ဝင်ငွေခွန်စတင်ကောက်ခံ ခဲ့သည့် ဇွန် ၁ရက်မှ စတင်ပြီး စက်တင်ဘာ တတိယပတ် အထိစာရင်းများအရ အစီးရေ ၁၂၀၀၀ ကျော် အား အခွန်ကောက်ခံပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းမှုကို ရပ်ဆိုင်းထားသောကြောင့် အရေအတွက် နည်းပါးနေခြင်းဖြစ်ပြီး ရန်ကုန် လိုင်စင် ကားများအား တင်သွင်းခွင့်ပြုခဲ့ပါက ယခု ထက် အရေအတွက်များပြားလာနိုင်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးကဆိုသည်။ ၂၀၁၆ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ ဝင်ငွေရ လမ်း မဖော်ပြနိုင်ပါက မော်တော် ယာဉ်တန်ဖိုးကို တွက်ချက်၍ တစ် ကျပ်မှ ကျပ်သိန်း ၃၀၀ အထိကိုကြိုတင် ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀ အထက်မှ သိန်း ၁,၀၀၀ အထိ ကြိုတင်ဝင်ငွေခွန် ၂၀ ရာခိုင်နှုန်းနှင့် သိန်း ၁,၀၀၀ နှင့် အထက်ကို ကြိုတင်ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ် ကြောင်းသတ်မှတ်ထားသည်။ #MoeNyo #Revenue #AutomobilePolicy #Import

logo