Menu

You are here

Nissan Micra

နစ်ဆန်းက ထုတ်လုပ်တဲ့ ကားတွေထဲက Nissan Micraအကြောင်းကို အခုတစ်ပတ်ရဲ့ 7Day Cars အယ်ဒီတာအကြိုက်အဖြစ် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

Nissan Micra ကို ၁၉၈၃ က စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပေမယ့် အဲဒီအချိန်တုန်းကတော့ Datsun Micra အဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၂ နောက်ပိုင်းမှာ Nissan Micra အဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။

ထုတ်လုပ်မှုသက်တမ်းအရ မျိုးဆက်ငါးခု ခွဲခြားထုတ်လုပ်ပြီး ပုံစံဒီဇိုင်းပိုင်းကို တဖြည်းဖြည်း ပြောင်းလဲထုတ်လုပ်ခဲ့တဲ့ ကားလေးတစ်စီး ဖြစ်ပါတယ်။ ၂၀၁၇ အတွက် မိတ်ဆက်လိုက်တဲ့ Micra ကိုတော့ ဒီဇိုင်းပိုင်းဆန်းသစ်ထား တာကို တွေ့ရပြီး မျိုးဆက်ငါးခုမြောက်အဖြစ် ထုတ်လုပ်မှာလည်းဖြစ်ပါတယ်။

နည်းပညာပိုင်း အဆင့်မြှင့်တင်ထုတ်လုပ်လာတဲ့ ကားဖြစ်တဲ့ အပြင် အိမ်စီးကားလေးတစ်စီး ထက် ပိုပြီးလိုအပ်တဲ့ လုံခြုံရေးပိုင်းတွေမှာ အဆင့်မီတာ တွေ့ရပါ တယ်။ အဓိကပါဝင်လာတဲ့ နည်းပညာတွေကတော့    အလိုအလျောက် အာရုံခံဘရိတ်စနစ်(AEB)၊ လမ်းကြောင်းထိန်းစနစ်(Lane Departure Assist) တွေဖြစ်ပါတယ်။

ဒါ့အပြင် စွမ်းအင်အသုံးချမှု ကို လျှော့ချပေးနိုင်တဲ့ Powertrainစနစ်၊ ပေါ့ပါးတဲ့ ကိုယ်ထည်ပိုင်း တည်ဆောက်မှုတွေနဲ့ ထုတ်လုပ် မှာ ဖြစ်ပါတယ်။ နောက်ထပ် Micra ရဲ့ထူးခြားချက်ကတော့ အရင်က မိသားစုစီးကားလေးတစ်စီးအဖြစ် ထုတ်လုပ်ခဲ့ရာက နေ Sport Type ကားအမျိုးအစားအဖြစ်ပါ ထုတ်လုပ်မှာ ဖြစ်ပါ တယ်။

ကားကိုယ်ထည်ဒီဇိုင်းပိုင်း ကို အသစ်ပြောင်းလဲလိုက်တာဖြစ် ပြီး Nissan V-motion ဒီဇိုင်းအ ဖြစ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ရှေ့မီးကြီးကိုလည်း မီးခွက်ဒီဇိုင်း ပြောင်းလဲထားပြီး LED projector မီးကို တပ်ဆင်ထုတ်လုပ်တာ ဖြစ် ပါတယ်။

ကားအတွင်းခန်းပတ်လည် မှာ လေအိတ်တွေ တပ်ဆင်ပေး ထားပြီး ပုံမှန်မိသားစုစီးကားတွေ ထက် လုံခြုံရေးပိုင်းပိုပြည့်စုံလာ တာ တွေ့ရပါတယ်။ Micra ရဲ့ ဒီ ဇိုင်းပိုင်းကို နစ်ဆန်းကထုတ်လုပ် တဲ့ ကားသစ်တွေဖြစ်တဲ့ နစ်ဆန်း Juke, Qashqai, X-Trail တို့ရဲ့ ဒီ ဇိုင်းတွေ ပေါင်းစပ်ထုတ်လုပ်တာ ဖြစ်ပါတယ်။

ထုတ်လုပ်မယ့်အရောင်ကို တော့ အရောင်၁၀ မျိုးခွဲခြားထုတ် လုပ်မှာဖြစ်ပြီး စတင်မိတ်ဆက် ထားတာက   လိမ္မော်ရောင်ဖြစ်ပါ တယ်။

 

အာရုံခံစနစ်တွေ အပြည့် အ၀ပါဝင်ပြီး ကားကိုယ်ထည်ပတ် လည်မှာ ကင်မရာခြောက်လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ကင်မရာတွေက ပါကင်ထိုးဖို့အတွက် အထောက်အကူပြုတဲ့အ ပြင် ကားမောင်းနှင်ချိန်မှာပါ အ ထောက်အကူပြုမယ့် အချက်အ လက်တွေကို အာရုံခံပေးပို့နိုင်မှာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ မောင်းသူမဲ့ကားအဖြစ် Micra ကို ထုတ်လုပ်ဖို့ရည်ရွယ်ခဲ့ပေမယ့် အမှန်တကယ်မိတ်ဆက်လိုက်ချိန်မှာ နည်းပညာမြင့် မိသားစုစီးကားတစ်စီးအဖြစ် မိတ်ဆက်ခဲ့ပါ တယ်။ အတွင်းခန်းထိုင်ခုံတွေကို တော့ Sport Seat တွေ တပ် ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။

အင်ဂျင်ကိုတော့ ၁.၅ လီတာ၊ ဆလင်ဒါလေးလုံး၊ တာဘိုအင်ဂျင်ကို တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဂီယာကိုလည်း မန်နူရယ်ဂီယာရော အော်တိုဂီယာပါတပ်ဆင်ထုတ်လုပ်မှာ ဖြစ်ပါ တယ်။

ပြည်တွင်းဈေးကွက်ထဲမှာ  Nissan Micra မော်ဒယ်နိမ့်တွေကို တင်သွင်းရောင်းချနေတာရှိပြီး လူ ကြိုက်များတဲ့ ကားအမျိုးအစား လည်း ဖြစ်ပါတယ်။ ၂၀၁၇ မှာ အသစ်ထွက်လာမယ့် Nissan Micra ကိုလည်း ပြည်တွင်းဈေး ကွက်ထဲမှာ လူကြိုက်များကား တစ်စီးဖြစ်လာဦးမှာပါ။

Micra 2016 ကိုတော့ အမေရိကန်ဒေါ်လာ ၁၆,၀၀၀ နဲ့ ကမ္ဘာ့ဈေးကွက်မှာ ရောင်းချနေပြီး အခု ထွက်ပေါ်လာမယ့် Micra 2017 က ဒေါ်လာ ၂၀,၀၀၀ ကျော် လောက်အထိ ရောင်းချလာနိုင် တယ်လို့ ကျွမ်းကျင်သူတွေကခန့်မှန်းထားပါတယ်။

 

_အောင်ဖြိုးမွန်

logo