Menu

You are here

ကားနဲ့ပတ်သက်ပြီး ကိုယ့်ဘာသာမလုပ်သင့်တာတွေ

ကားမှာ တစ်စုံတစ်ခုသော ပြဿနာကြုံပြီဆိုတာနဲ့ စက်ပြင်ဆရာ အကူအညီမယူဘဲ ကိုယ်တိုင်ပြင်ဆင်တတ်တာမျိုးကို ဂုဏ်ယူချင် လေ့ရှိတတ်ကြပါတယ်။ သေးသေးမွှားမွှားအရာတွေကို ကိုယ်တိုင်လုပ်လို့ အဆင်ပြေပေမယ့် ကိုယ်တိုင်လုံးဝမပြင်သင့်တာတွေလည်းရှိတာမို့ သိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ထည်ပြင်ဆင်ခြင်းနှင့် ဆေးမှုတ်ခြင်း

ကားကိုယ်ထည်မှာ တစ်ခုခု ပိန်တာ၊ ချိုင့်တာဖြစ်တာတွေကို ကိုယ်တိုင်ထုရိုက်ပြင်ဆင်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ကားဘော်ဒီရုံမှာ ကားအမျိုးအစားအလိုက် ကိုယ်ထည်ပြင်ဆင်နိုင်တဲ့ စက်ကိရိယာတွေ၊ ကျွမ်းကျင်သူတွေရှိတာမို့ မူရင်းကားကိုယ်ထည်အတိုင်း ပုံမပျက်လေးဖြစ်အောင် အဲဒီမှာပဲ လုပ်လို့ရမှာပါ။ နောက်ပြီး ကားဆေးမှုတ်တဲ့အပိုင်းမှာလည်း ကားမှုတ်ဆေးတွေကို ကိုယ့်ဘာသာကိုယ် ဝယ်ပြီးလုပ်တာမျိုးမလုပ်ဘဲ မူရင်းဆေးသားနဲ့ အရောင်ညီအောင်လို့ ကားမှုတ် ဆေးရုံတွေမှာ လုပ်ဆောင်ဖို့လိုပါတယ်။

ကွန်ပျူတာစနစ်ကိုပြင်ဆင်ခြင်း

ကွန်ပျူတာစနစ်သုံး ကားတွေဆိုရင်လည်း ကိုယ့်သဘောနဲ့ ကိုယ် ရမ်းသန်းပြီး ဟိုပြင်ဒီပြင်လုပ်တာမျိုးတွေ ရှောင်ဖို့လိုပါတယ်။

ရှေ့လေကာမှန်လဲလှယ်ခြင်းကားလေကာမှန်တစ်ခုခုဖြစ်လို့ စမ်းသပ်တဲ့သဘောနဲ့ ကိုယ် တိုင်လဲလှယ်ကြည့်ဖို့ ဘယ်တော့မှ မတွေးသင့်ပါဘူး။ မှန်နေရာ မကျတာတို့ မြဲမြံတာမျိုးမရှိရင် နောက်ဆက်တွဲပြဿနာတွေ အများကြီးလာနိုင်လို့ပါ။

ဝိုင်ယာကြိုးများကို ကလိခြင်း

ကားအင်ဂျင်နဲ့ ချိတ်ဆက်ထားတဲ့ လျှပ်စစ်ဝိုင်ယာကြိုးတွေကို ကိုယ့်သဘောနဲ့ကိုယ်ဖြုတ်တာ၊ တပ်တာတွေလုပ်လိုက်ရင် ဆင် ဆာတွေ၊ ပလတ်တွေ အချိတ်အဆက်မမိတော့ဘဲ ဒုက္ခတွေ့နိုင်တာကြောင့် ကျွမ်းကျင်သူကိုသာ ပြင်ဆင်စေပါ။

—Ref: Cheatsheet

logo