Menu

You are here

အဆိုတော် ဟိန်းသစ်ရဲ့ Suzuki Swift 2010

ဒီတစ်ပတ် အနုပညာရှင်နဲ့ ကား ကဏ္ဍမှာတော့ အဆိုတော်ဟိန်း သစ်ရဲ့ လက်ရှိစီးနေတဲ့ ကားအမျိုးအစားနဲ့ ၎င်းရဲ့ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကို မေး မြန်းထားပါတယ်။

အခု လက်ရှိစီးနေတဲ့ ကားအ ကြောင်းလေး ပြောပြပေးပါဦး။

အခုစီးနေတဲ့ကားက SuzukiSwift 2010 မော်ဒယ်ပါ။ ဒီကားကိုစီးလာတာ ၂ နှစ်နီးပါးလောက်တော့ရှိပြီ။ ဒီကားအရှေ့မှာတုန်း ကတော့ EXIV manual လေးစီး ဖြစ်ခဲ့တယ်။

ဒီကားကို ဘာကြောင့်ရွေးချယ်စီး ဖြစ်ခဲ့တာလဲဆိုတာ ပြောပြပေးပါဦး။

အဓိကက ကျွန်တော်တို့က သွားရလာရများတယ်ဆိုတော့  ရန်ကုန်မြို့ကလည်း ကားကျပ်တော့ကားအသေးလေးပဲဝယ်မယ်ပေါ့။ ပြီးတော့ ဆီစားသက်သာတဲ့ကား ပေါ့။ နောက်တစ်ခုက Suzuki Swift က ဆီစားသက်သာတယ်။ တော်တော်ကြီးသွားလို့ တစ်ပတ်လုံးနေလို့မှ ၂၀,၀၀၀ ဖိုးလောက်ပဲ ဆီကုန်တယ်။ အဓိကကတော့ ဆီ စားသက်သာတာပေါ့။ ရန်ကုန်မြို့ထဲမှာပဲ သွားတာများတော့ ပါကင်ထိုးလို့လည်းလွယ်တဲ့ ကား မျိုးပေါ့။

Suzuki Swift ကို စီးခဲ့အခါမှာ တခြားကားတွေနဲ့ကော ဘာကွာ ခြားတယ်လို့ထင်ပါလဲ။

အရင်အရှေ့က စီးခဲ့တဲ့ Manual ဂီယာတွေတုန်းကတော့ Manual အလိုက်ပေါ့။ ထူးထူးခြား ခြား ကွာခြားတယ်လို့တော့ မရှိပါ ဘူး။ ကားရဲ့ဒီဇိုင်းလေးတွေက လှတယ်။ ကျွန်တော်စီးတဲ့ကားဆို အနက်ရောင်တွေ သဘောကျ တယ်။ အရှေ့ကားတုန်းကလည်း အနက်ရောင်ပဲ။

ဒီကားစီးတဲ့အခါမှာ အဆင်ပြေတဲ့ အချက်နဲ့ အဆင်မပြေတဲ့အချ က် က ဘာတွေဖြစ်မလဲ။

အဆင်ပြေတာကတော့ မြို့ ထဲမှာ ပါကင်ထိုးရလွယ်တယ်။ လျှောက်သွားရင်လည်း ဆီစား သက်သာတယ်။ ကားပြင်တာကလည်း သူများကားတွေထက်စာ ရင် အကုန်အကျသက်သာတယ်။ အဲဒီအချက်တွေ အကုန်လုံးက ကိုယ့်အတွက် အဆင်ပြေတယ်။ အဆင်မပြေတဲ့အချက်က ကျွန် တော်တို့က အဆိုတော်ဆိုပေမယ့် တစ်ခါတလေ ရှုတင်တွေရှိတယ်။ ရှုတင်ရှိတဲ့အခါ ကားပေါ်မှာအင်္ကျီလဲရင်တော့ အဆင်မပြေဘူး။ ဒီ ကားက တစ်ကိုယ်တည်းသမား အတွက်တော့ တော်တော်အဆင် ပြေပါတယ်။

နယ်ခရီးထွက်တဲ့အခါမှာကော ဒီကားနဲ့သွားဖြစ်လား။ High way လမ်းမှာ မောင်းရင်ကားရဲ့ လုပ်ဆောင်မှု အခြေအနေက ဘယ်လိုရှိလဲ။

နယ်ထွက်ရင်တော့ ဒီကားနဲ့ သွားခဲတယ်။ တစ်ခါတလေ အနီးပတ်ဝန်းကျင်လောက်ကိုပဲ ဒီကားနဲ့သွားတယ်။ မဖြစ်မနေ ကိုယ့်ကားနဲ့ ကိုယ်သွားရမယ်ဆိုရင် တော့ အဖေ့ကားတို့၊ အစ်ကို့ကားတို့နဲ့ သွားဖြစ်တယ်။ နယ်ရှိုးတွေ အများစုကိုတော့ လေယာဉ်နဲ့သွားရင် သွားတယ်။ ဒါမှမဟုတ် သူတို့ စီစဉ်ပေးတာနဲ့ပဲ သွားဖြစ်တယ်။

ကားသေးတဲ့အခါကျတော့ သတိ ထားပြီး ဂရုပိုစိုက်ရတယ်။ အများကြီးတော့မဟုတ်ပါဘူး။ ဂျပန်ကားအရည်အသွေးကောင်းတဲ့ ကားတစ်စီးဆိုတော့ သိပ်ပြီး ဘာမှမဖြစ်ပါဘူး။ High way  လမ်းမှာ ကိုယ့်ဘာသာမောင်းရင်တော့ ကီလိုတစ်ရာမကျော်ဖို့ သတိထားတယ်။

ကားအလှဆင်တာမျိုး လုပ်ဖြစ် တာရှိလား။

ကျွန်တော်က ကားကို အလှဆင်တာတော့ မကြိုက်ဘူး။ ဒီဇိုင်း တွေ အရမ်းဆင်ထားပြီး ကားပုံစံပျောက်သွားတာ မကြိုက်ဘူး။ Classic ဖြစ်တာကို သဘောကျ တယ်။ ကျွန်တော့်ကားကိုတော့ အထဲမှာဆို အမြဲသန့်ရှင်းအောင် ထားတယ်။ ကားကအနက်ရောင် ဆိုတော့ အနက်ရောင်နဲ့လိုက်မယ့်  ထိုင်ခုံအစွတ်အနီရောင်တို့လိုမျိုးသဘောကျတယ်။ အနံ့လေးမွှေး အောင် အမွှေးခဲလေးတွေ ထည့် ထားတယ်။

ဒီကားစီးပြီးတဲ့အချိန်မှာ နောက် ထပ်စိတ်ကူးထဲက ထပ်မံစီးချင်တဲ့ ကားအမျိုးအစားကော ရှိလား။

နည်းနည်းအမြင့်တစ်ခုတော့ ပြောင်းချင်တယ်။ အမြင့်ဆိုတာ ဈေးကြီးတဲ့ အမြင့်မဟုတ်ဘူး။ ကားမြင့်တာမျိုးကို ပြောတာပါ။ကားခရေဇီတွေလို ပြိုင်ကားမှတို့၊ဈေးကြီးမှတို့၊ ဘရန်းတို့မှတော့ မရှိဘူး။ ကိုယ်နဲ့အဆင်ပြေတယ်။ မောင်းရတာလွယ်ကူတယ်။ ကိုယ်နေတဲ့မြို့နဲ့ အဆင်ပြေတယ်ဆို သဘောကျတယ်။ ဥပမာအောက် ပိုင်းမြင့်တဲ့ အနက်ရောင်မျိုး RAV 4 လောက်မျိုးပေါ့။

ဒီကားနဲ့ အမောင်းချင်ဆုံး၊ အသွားချင်ဆုံးနေရာကကော ....။

ရန်ကုန်မြို့ထဲမှာဆိုရင်တော့ ညဘက်မောင်းရတာသဘောကျတယ်။ 2010 Suzuki Swift က ဘာကွာလဲဆိုတော့ အရင် Suzukiတွေနဲ့မတူဘဲ ပြိုင်ကားပုံစံဖြစ် တော့ ကားရှင်းတဲ့အခါမှာ နင်းရင်နင်းသလောက် အရမ်းပြေးတယ်။ ကားသေးတယ်ဆိုပေမယ့် လီဗာနင်းလိုက်တာနဲ့ အရမ်းပြေးတယ်။ ဒါကြောင့် အသွားချင်ဆုံး၊ အမောင်းချင်ဆုံးကတော့ ရန်ကုန်မြို့ထဲ ညဘက် ကားရှင်းတဲ့အချိန်တွေ ပါပဲ။

ကားမောင်းတဲ့သူတွေအတွက် အ ကြံပြုစကားလေး ပြောပေးပါဦး။

ကားမောင်းတယ်ဆိုတာက ကျွန်တော်လည်း ရုပ်ရှင်တစ်ခုထဲ မှာ ကြည့်လိုက်ရတာ ကားက ကိုယ်မှန်နေလို့လည်း မဖြစ်ဘူး။ ကိုယ်ကလည်း မှန်ရမယ်။ နှစ်ဦးနှစ်ဖက် အန္တရာယ်ကင်းအောင်လို့ အခြေအနေပေါ်မူတည်ပြီးမောင်း ရတာ။ ကိုယ်ကမှန်နေလို့ မရှောင်ပေးလို့လည်းမရဘူး။ နှစ်ဦးနှစ် ဖက် အဆင်ပြေတဲ့အခြေအနေ လေးတစ်ခုပဲ သဘောကျတယ်။အကုန်လုံးဂရုစိုက်ပြီး မောင်းစေချင်တယ်။ နောက်ပိုင်းကားတွေ ပေါလာတော့ တချို့တွေဆိုလည်း မကျွမ်းကျင်ဘဲမောင်းတာရှိတော့ အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်ပါတယ်။

အဲဒီတော့ အားလုံးပဲဂရု စိုက်ပြီး သေသေချာချာ ကျွမ်း ကျွမ်းကျင်ကျင်ဖြစ်အောင် လေ့ ကျင့်ပြီးမောင်းပါ။ နယ်ဝေးဆို လည်း သတ်မှတ်မိုင်နှုန်းထက် မကျော်ဘဲ မောင်းတာအဆင်ပြေ ပါတယ်။

 

ကျေးဇူးတင်ပါတယ်။       ။

 

_ဖြူဖွေးသန့်

logo