Menu

You are here

လွ်ပ္စစ္ကားေတြ တီထြင္ထုတ္လုပ္ေရး လမ္းေၾကာင္းသစ္ဆီ သိသိသာသာ ဦးတည္လာတဲ့ ပါရီကားျပပြဲ

ပံုမွန္ဆိုရင္ေတာ့ ပါရီကားျပပြဲဟာ ကမာၻေက်ာ္ ကားကုမၸဏီႀကီးေတြရဲ႕ စြမ္းေဆာင္ရည္ အျမင့္ဆံုး ေနာက္ဆံုးေပၚ ေမာ္ဒယ္လ္ေတြကို အၿပိဳင္အဆိုင္ မိတ္ဆက္ဖို႔ ရည္ရြယ္က်င္းပတာ ျဖစ္ပါတယ္။ အထူးသျဖင့္ ဥေရာပရဲ႕ ယဉ္ေက်းမႈ ၿမိဳ႕ေတာ္တစ္ခုလုိ႔ တင္စားခံရတဲ့ ပါရီၿမိဳ႕မွာ ႏွစ္စဉ္က်င္းပေလ့ရွိတဲ့ ဒီပြဲေတာ္ဟာ ဥေရာပ ကားေစ်းကြက္မွာ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္ေပးဖို႔ ကားကုမၸဏီႀကီးေတြ မဟာဗ်ဴဟာေျမာက္ အသံုးခ်တဲ့ အစီအစဉ္ တစ္ခုလို႔လည္း ဆိုႏုိင္ပါတယ္။ ဒါေပမဲ့ စက္တင္ဘာ ၂၉ ရက္က စတင္ခဲ့တဲ့ ဒီႏွစ္ ပါရီကားျပပြဲကေတာ့ မူလလမ္းေၾကာင္းကေန သိသိသာသာ ေသြဖယ္သြားၿပီလုိ႔ ဆိုရပါလိမ့္မယ္။
ဒီႏွစ္ ပါရီကားျပပြဲမွာ ကုမၸဏီ အမ်ားစုဟာ စြမ္းေဆာင္ရည္ျမင့္ ေမာ္ဒယ္လ္ေတြထက္ လွ်ပ္စစ္ကား အသစ္ေတြကို ပြဲထုတ္ဖို႔ အၿပိဳင္အဆိုင္ ႀကိဳးစားလာၾကတာ ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ဂ်ာမန္ ေမာ္ေတာ္ယာဉ္ လုပ္ငန္းစုႀကီး Volkswagenရဲ႕ ဒီဇယ္အင္ဂ်င္သံုး ေမာ္ဒယ္လ္ေတြမွာ သဘာဝ ပတ္ဝန္းက်င္ကို ထိခုိက္ေစတဲ့ ညစ္ညမ္းဓာတ္ေငြ႕ ထုတ္လႊတ္မႈဟာ သတ္မွတ္ပမာဏထက္ ေက်ာ္လြန္ေနေၾကာင္း ေဖာ္ထုတ္ ေတြ႕ရွိခဲ့ရာကေန ေနာက္ဆက္တြဲ ျပႆနာေတြ အမ်ားႀကီး ျဖစ္ေပၚလာတယ္။ ဒီဂယက္ဟာ ဥေရာပ၊ အာရွနဲ႔ အေမရိက ေဒသက ကားကုမၸဏီႀကီး အားလံုးကို ႐ိုက္ခတ္သြားတယ္။ အက်ိဳးဆက္ အေနနဲ႔ကေတာ့ သန္႔စင္စြမ္းအင္ အသံုးျပဳ ေမာ္ေတာ္ကား နည္းပညာအေပၚ ေတာင္းဆိုမႈ ပိုၿပီး ျမင့္တက္လာတာပါပဲ။ ဒီေတာ့ ညစ္ညမ္းဓာတ္ေငြ႕ ထုတ္လႊတ္မႈ လံုးဝ မရွိတဲ့ လွ်ပ္စစ္စြမ္းအင္သံုး ေမာ္ေတာ္ကားေတြ တီထြင္ဖန္တီးေရးဟာ ဧရာမ ကားလုပ္ငန္းစုႀကီး အားလံုးလိုလုိရဲ႕ တူညီတဲ့ ရည္မွန္းခ်က္ ျဖစ္လာသလို ေဖာက္သည္ေတြရဲ႕ စိတ္အဝင္စားဆံုး အေၾကာင္းအရာတစ္ရပ္ အသြင္ကို ေဆာင္လာတယ္။
အခုႏွစ္ ပါရီကားျပပြဲမွာေတာ့ Volkswagenဟာ ကုမၸဏီရဲ႕ ပထမဆံုး Concept နမူနာအဆင့္ လွ်ပ္စစ္ကား ေမာ္ဒယ္လ္သစ္ကို မိတ္ဆက္မယ္လို႔ ႀကိဳတင္ ေၾကညာထားခဲ့ၿပီးသားပါ။ တကယ္လည္း Volkswagen I.D.လုိ႔ နာမည္ေပးထားတဲ့ ခရီးေဝး ေမာင္းႏွင္ႏုိင္မယ့္ လွ်ပ္စစ္ကား Concept ေမာ္ဒယ္လ္ကို မိတ္ဆက္ခဲ့တယ္။ Volkswagenရဲ႕ လူႀကိဳက္မ်ားတဲ့ Golfေမာ္ဒယ္လ္ေတြ အရြယ္အစားေလာက္သာရွိတဲ့ ဒီကားေလးဟာ ၂၀၂၀ ျပည့္ႏွစ္မွာ ေစ်းကြက္ဝင္ ေရာင္းခ်ႏုိင္တဲ့အဆင့္ ေရာက္ရွိလာမယ္လုိ႔ ဂ်ာမန္ကားကုမၸဏီႀကီးက ေၾကညာပါတယ္။ Volkswagen I.D.ကို ဖန္တီးလုိက္ျခင္းဟာ ဒီဇယ္ေမာ္ဒယ္လ္ေတြေၾကာင့္ အႀကီးအက်ယ္ က်ဆင္းထိခုိက္ခဲ့တဲ့ ဂုဏ္သိကၡာကို ျပန္အဖတ္ဆယ္ဖို႔ Volkswagenရဲ႕ အေရးအႀကီးဆံုး ေျခလွမ္းသစ္ တစ္ရပ္ဆိုရင္လည္း မမွားပါဘူး။
ႀကိဳတင္ေၾကညာမႈေတြေၾကာင့္ Volkswagenရဲ႕ လွ်ပ္စစ္ကားကို ျပပြဲလာ ပရိသတ္ေတြ စိတ္ဝင္စားႏွင့္ၿပီး ျဖစ္ေပမယ့္ ဒီကားဟာ ျပပြဲရဲ႕ ဒီဇိုင္းအဆန္းသစ္ဆံုး လွ်ပ္စစ္ကားေတာ့ မဟုတ္ခဲ့ပါဘူး။ ဒီဂုဏ္ပုဒ္ကိုေတာ့ ကားဝါသနာအိုး အမ်ားစုက Renaultရဲ႕ Trezorကိုပဲ လိုလိုလားလား အပ္ႏွင္းခဲ့ၾကတယ္။ ၿပိဳင္ကားအသြင္ေဆာင္တဲ့ လွ်ပ္စစ္ကား Conceptဟာ လွပေက်ာ့ရွင္း႐ံု မကဘဲ စိတ္ကူးပိုင္း ဆန္းသစ္မႈေတြေၾကာင့္ပါ ခ်ီးက်ဴးခံရတယ္။ ဒီႏွစ္ေယာက္စီး ကားေလးကို အဝင္အထြက္ ျပဳလုပ္တဲ့အခါ ကားရဲ႕ အထက္ပိုင္း အမိုးဧရိယာ တစ္ခုလံုးကို မတင္လုိက္ရတဲ့ ပံုစံနဲ႔ တည္ေဆာက္ထားၿပီး Batman ႐ုပ္ရွင္ထဲက သိပၸံသူရဲေကာင္းႀကီးရဲ႕ စီးေတာ္ယာဉ္ Batmobileကိုေတာင္ အမွတ္ရစရာ ျဖစ္ေနပါတယ္။
ဂ်ာမန္ကားကုမၸဏီ Opelကလည္း Ampera-eလုိ႔ နာမည္ေပးထားတဲ့ အလံုးစံု လွ်ပ္စစ္စြမ္းအင္သံုး ကားတစ္စီးကို ပြဲထုတ္ မိတ္ဆက္ခဲ့တယ္။ ဒီကားဟာ နည္းပညာပိုင္းအရေတာ့ အသစ္အဆန္း မဟုတ္ပါဘူး။ အေမရိကန္ ေစ်းကြက္မွာ တင္ပို႔ေရာင္းခ်ၿပီးျဖစ္တဲ့ Chevrolet Bolt လွ်ပ္စစ္ကားရဲ႕ ဥေရာပဗားရွင္းလို႔ ဆိုရပါလိမ့္မယ္။ Opelက Ampera-eကို လာမယ့္ႏွစ္ အေစာပိုင္းမွာ ေရာင္းခ်သြားမယ္လုိ႔လည္း ေၾကညာခဲ့ပါတယ္။
လွ်မ္းလွ်မ္းေတာက္ ကားကုမၸဏီႀကီးေတြထဲမွာ ေရာင္းတမ္းဝင္အဆင့္နီးပါး ေရာက္ရွိေနၿပီျဖစ္တဲ့ လွ်ပ္စစ္ကား ေမာ္ဒယ္လ္သစ္ကို မိတ္ဆက္လာတာကေတာ့ Mercedesပါပဲ။ လွ်ပ္စစ္စြမ္းအင္နဲ႔ အျပည့္အဝ ေမာင္းႏွင္ႏုိင္မယ့္ EQဟာ ဇိမ္ခံ SUV ေစ်းကြက္ထဲကို ခ်ဉ္းနင္းဝင္ေရာက္ဖို႔ အသင့္ျဖစ္ေနပါၿပီ။ Volkswagen I.D.နဲ႔ ဆင္တူတဲ့ အခ်က္ကေတာ့ Mercedesကလည္း သူတို႔ရဲ႕ ထုတ္ကုန္သစ္ကို လွ်ပ္စစ္ကားေတြအတြက္ သီးသန္႔ဖန္တီးထားတဲ့ နည္းပညာ ပလက္ေဖာင္းမွာ အေျခခံၿပီး တည္ေဆာက္ထားျခင္းပါပဲ။
အေမရိကန္ ကုမၸဏီ Teslaက လွ်ပ္စစ္ကား ေစ်းကြက္ကို ျခယ္လွယ္ဦးေဆာင္ေနေပမယ့္ ပါရီကားျပပြဲ အၿပီးမွာေတာ့ ဥေရာပ ကုမၸဏီေတြက Teslaကို ေစ်းကြက္ထဲမွာ လက္ေတြ႕က်က် စိန္ေခၚဖို႔ အသင့္ရွိေနၿပီ ဆိုတာကို ပီျပင္လာေစပါတယ္။
 
ပါရီကားျပပြဲမွာ အသစ္ေရာင္းခ်ေတာ့မယ့္ ေမာ္ဒယ္လ္ေတြနဲ႔ စြမ္းေဆာင္ရည္ျမင့္ ေမာ္ဒယ္လ္ေတြကို မိတ္ဆက္ပြဲထုတ္လာတာေတြ ရွိေနေပမယ့္ ပရိသတ္နဲ႔ မီဒီယာေတြရဲ႕ အာ႐ံုကေတာ့ လွ်ပ္စစ္ကား အသစ္ေတြအေပၚမွာပံု အဓိက က်ေရာက္ေနတာ ျမင္သာပါတယ္။ ဒါဟာ ကားနည္းပညာ ေရစီးေၾကာင္းမွာ ထင္ရွားတဲ့ အခ်ိဳးအေကြ႕ တစ္ခုဆီ ဦးတည္ေနသလားလုိ႔ ယူဆခ်င္စရာပါပဲ။
ပါရီကားျပပြဲဟာ အဓိက အေနနဲ႔ ဥေရာပ အေျခစိုက္ ကုမၸဏီေတြရဲ႕ နည္းပညာေတြကို ခင္းက်င္းျပသတဲ့ ေနရာမိ်ဳး ျဖစ္ေပမယ့္ ဂ်ပန္ကားကုမၸဏီႀကီး Toyotaကလည္း သန္႔စင္စြမ္းအင္ နည္းပညာ တစ္ခုျဖစ္တဲ့ ဟိုက္ဒ႐ိုဂ်င္ ေလာင္စာေတာင့္ကို အသံုးျပဳတဲ့ ကားအသစ္ တစ္စီးကို ပါဝင္ မိတ္ဆက္ခဲ့ပါတယ္။ နမူနာ Conceptအဆင့္မွာသာ ရွိေသးတဲ့ ဒီကားရဲ႕ အေျခခံ စိတ္ကူးကလည္း အံ့ဩစရာပါ။ ဘာေၾကာင့္လဲဆိုေတာ့ FCV Plusလို႔ နာမည္ေပးထားတဲ့ ဒီကားေလးဟာ ဟိုက္ဒ႐ိုဂ်င္ ေလာင္စာေတာင့္ကို အသံုးျပဳၿပီး ထြက္ရွိလာတဲ့ လွ်ပ္စစ္စြမ္းအင္နဲ႔ ေမာင္းႏွင္ႏုိင္သလို ကိုယ္တုိင္လည္း လွ်ပ္စစ္စြမ္းအင္ ထုတ္ေပးႏုိင္တဲ့ ဂ်င္နေရတာလုိ အသံုးဝင္ေနျပန္တာေၾကာင့္ ျဖစ္ပါတယ္။
 
ပါရီကားျပပြဲကေတာ့ ကားဝါသနာအိုးေတြ ႀကိဳတင္ ေမွ်ာ္လင့္ စိတ္ဝင္စားေနခဲ့တာနဲ႔ ထိုက္ထိုက္တန္တန္ပဲ နည္းပညာသစ္ေတြ၊ ထုတ္ကုန္သစ္ေတြ ေဝေဝဆာဆာနဲ႔ ႐ုပ္လံုးေပၚလာခဲ့ပါၿပီ။ အရင္ကေတာ့ စြမ္းေဆာင္ရည္ ေကာင္းမြန္ဖို႔ကို အဓိကထားၿပီး ဆီစားႏႈန္းျမင့္တာ၊ ညစ္ညမ္းဓာတ္ေငြ႕ ထုတ္လႊတ္မႈ မ်ားျပားတာေတြကို သိပ္ၿပီး ထည့္စဉ္းစားေလ့ မရွိတဲ့ ပင္မေရစီးေၾကာင္း ေျပာင္းလဲသြားတာကေတာ့ ဒီႏွစ္ျပပြဲရဲ႕ အထူးျခားဆံုး ျပယုဂ္တစ္ခုလည္း ျဖစ္ပါတယ္။ ၿပီးေတာ့ ဒါဟာ ကမာၻေျမႀကီး သန္႔ရွင္းေအာင္ အားထုတ္ ထိန္းသိမ္းဖို႔ ေမွ်ာ္လင့္ႀကိဳးစားမႈေတြအတြက္ အားတက္စရာ အေျခအေန တစ္ခုလုိ႔လည္း ညႊန္းဆိုႏုိင္ပါတယ္။
 
Ref: PC World
 
ဇြဲရဲဝင့္
 
Unicode
 
လျှပ်စစ်ကားတွေ တီထွင်ထုတ်လုပ်ရေး လမ်းကြောင်းသစ်ဆီ သိသိသာသာ ဦးတည်လာတဲ့ ပါရီကားပြပွဲ
 
 
ပုံမှန်ဆိုရင်တော့ ပါရီကားပြပွဲဟာ ကမ္ဘာကျော် ကားကုမ္ပဏီကြီးတွေရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး နောက်ဆုံးပေါ် မော်ဒယ်လ်တွေကို အပြိုင်အဆိုင် မိတ်ဆက်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဥရောပရဲ့ ယဉ်ကျေးမှု မြို့တော်တစ်ခုလို့ တင်စားခံရတဲ့ ပါရီမြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဒီပွဲတော်ဟာ ဥရောပ ကားစျေးကွက်မှာ ထုတ်ကုန်သစ်တွေကို မိတ်ဆက်ပေးဖို့ ကားကုမ္ပဏီကြီးတွေ မဟာဗျူဟာမြောက် အသုံးချတဲ့ အစီအစဉ် တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၂၉ ရက်က စတင်ခဲ့တဲ့ ဒီနှစ် ပါရီကားပြပွဲကတော့ မူလလမ်းကြောင်းကနေ သိသိသာသာ သွေဖယ်သွားပြီလို့ ဆိုရပါလိမ့်မယ်။
 
ဒီနှစ် ပါရီကားပြပွဲမှာ ကုမ္ပဏီ အများစုဟာ စွမ်းဆောင်ရည်မြင့် မော်ဒယ်လ်တွေထက် လျှပ်စစ်ကား အသစ်တွေကို ပွဲထုတ်ဖို့ အပြိုင်အဆိုင် ကြိုးစားလာကြတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂျာမန် မော်တော်ယာဉ် လုပ်ငန်းစုကြီး Volkswagenရဲ့ ဒီဇယ်အင်ဂျင်သုံး မော်ဒယ်လ်တွေမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ သတ်မှတ်ပမာဏထက် ကျော်လွန်နေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ရာကနေ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်ပေါ်လာတယ်။ ဒီဂယက်ဟာ ဥရောပ၊ အာရှနဲ့ အမေရိက ဒေသက ကားကုမ္ပဏီကြီး အားလုံးကို ရိုက်ခတ်သွားတယ်။ အကျိုးဆက် အနေနဲ့ကတော့ သန့်စင်စွမ်းအင် အသုံးပြု မော်တော်ကား နည်းပညာအပေါ် တောင်းဆိုမှု ပိုပြီး မြင့်တက်လာတာပါပဲ။ ဒီတော့ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝ မရှိတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားတွေ တီထွင်ဖန်တီးရေးဟာ ဧရာမ ကားလုပ်ငန်းစုကြီး အားလုံးလိုလိုရဲ့ တူညီတဲ့ ရည်မှန်းချက် ဖြစ်လာသလို ဖောက်သည်တွေရဲ့ စိတ်အဝင်စားဆုံး အကြောင်းအရာတစ်ရပ် အသွင်ကို ဆောင်လာတယ်။
 
အခုနှစ် ပါရီကားပြပွဲမှာတော့ Volkswagenဟာ ကုမ္ပဏီရဲ့ ပထမဆုံး Concept နမူနာအဆင့် လျှပ်စစ်ကား မော်ဒယ်လ်သစ်ကို မိတ်ဆက်မယ်လို့ ကြိုတင် ကြေညာထားခဲ့ပြီးသားပါ။ တကယ်လည်း Volkswagen I.D.လို့ နာမည်ပေးထားတဲ့ ခရီးဝေး မောင်းနှင်နိုင်မယ့် လျှပ်စစ်ကား Concept မော်ဒယ်လ်ကို မိတ်ဆက်ခဲ့တယ်။ Volkswagenရဲ့ လူကြိုက်များတဲ့ Golfမော်ဒယ်လ်တွေ အရွယ်အစားလောက်သာရှိတဲ့ ဒီကားလေးဟာ ၂၀၂၀ ပြည့်နှစ်မှာ စျေးကွက်ဝင် ရောင်းချနိုင်တဲ့အဆင့် ရောက်ရှိလာမယ်လို့ ဂျာမန်ကားကုမ္ပဏီကြီးက ကြေညာပါတယ်။ Volkswagen I.D.ကို ဖန်တီးလိုက်ခြင်းဟာ ဒီဇယ်မော်ဒယ်လ်တွေကြောင့် အကြီးအကျယ် ကျဆင်းထိခိုက်ခဲ့တဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့ Volkswagenရဲ့ အရေးအကြီးဆုံး ခြေလှမ်းသစ် တစ်ရပ်ဆိုရင်လည်း မမှားပါဘူး။
 
ကြိုတင်ကြေညာမှုတွေကြောင့် Volkswagenရဲ့ လျှပ်စစ်ကားကို ပြပွဲလာ ပရိသတ်တွေ စိတ်ဝင်စားနှင့်ပြီး ဖြစ်ပေမယ့် ဒီကားဟာ ပြပွဲရဲ့ ဒီဇိုင်းအဆန်းသစ်ဆုံး လျှပ်စစ်ကားတော့ မဟုတ်ခဲ့ပါဘူး။ ဒီဂုဏ်ပုဒ်ကိုတော့ ကားဝါသနာအိုး အများစုက Renaultရဲ့ Trezorကိုပဲ လိုလိုလားလား အပ်နှင်းခဲ့ကြတယ်။ ပြိုင်ကားအသွင်ဆောင်တဲ့ လျှပ်စစ်ကား Conceptဟာ လှပကျော့ရှင်းရုံ မကဘဲ စိတ်ကူးပိုင်း ဆန်းသစ်မှုတွေကြောင့်ပါ ချီးကျူးခံရတယ်။ ဒီနှစ်ယောက်စီး ကားလေးကို အဝင်အထွက် ပြုလုပ်တဲ့အခါ ကားရဲ့ အထက်ပိုင်း အမိုးဧရိယာ တစ်ခုလုံးကို မတင်လိုက်ရတဲ့ ပုံစံနဲ့ တည်ဆောက်ထားပြီး Batman ရုပ်ရှင်ထဲက သိပ္ပံသူရဲကောင်းကြီးရဲ့ စီးတော်ယာဉ် Batmobileကိုတောင် အမှတ်ရစရာ ဖြစ်နေပါတယ်။
 
ဂျာမန်ကားကုမ္ပဏီ Opelကလည်း Ampera-eလို့ နာမည်ပေးထားတဲ့ အလုံးစုံ လျှပ်စစ်စွမ်းအင်သုံး ကားတစ်စီးကို ပွဲထုတ် မိတ်ဆက်ခဲ့တယ်။ ဒီကားဟာ နည်းပညာပိုင်းအရတော့ အသစ်အဆန်း မဟုတ်ပါဘူး။ အမေရိကန် စျေးကွက်မှာ တင်ပို့ရောင်းချပြီးဖြစ်တဲ့ Chevrolet Bolt လျှပ်စစ်ကားရဲ့ ဥရောပဗားရှင်းလို့ ဆိုရပါလိမ့်မယ်။ Opelက Ampera-eကို လာမယ့်နှစ် အစောပိုင်းမှာ ရောင်းချသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။
 
လျှမ်းလျှမ်းတောက် ကားကုမ္ပဏီကြီးတွေထဲမှာ ရောင်းတမ်းဝင်အဆင့်နီးပါး ရောက်ရှိနေပြီဖြစ်တဲ့ လျှပ်စစ်ကား မော်ဒယ်လ်သစ်ကို မိတ်ဆက်လာတာကတော့ Mercedesပါပဲ။ လျှပ်စစ်စွမ်းအင်နဲ့ အပြည့်အဝ မောင်းနှင်နိုင်မယ့် EQဟာ ဇိမ်ခံ SUV စျေးကွက်ထဲကို ချဉ်းနင်းဝင်ရောက်ဖို့ အသင့်ဖြစ်နေပါပြီ။ Volkswagen I.D.နဲ့ ဆင်တူတဲ့ အချက်ကတော့ Mercedesကလည်း သူတို့ရဲ့ ထုတ်ကုန်သစ်ကို လျှပ်စစ်ကားတွေအတွက် သီးသန့်ဖန်တီးထားတဲ့ နည်းပညာ ပလက်ဖောင်းမှာ အခြေခံပြီး တည်ဆောက်ထားခြင်းပါပဲ။
 
အမေရိကန် ကုမ္ပဏီ Teslaက လျှပ်စစ်ကား စျေးကွက်ကို ခြယ်လှယ်ဦးဆောင်နေပေမယ့် ပါရီကားပြပွဲ အပြီးမှာတော့ ဥရောပ ကုမ္ပဏီတွေက Teslaကို စျေးကွက်ထဲမှာ လက်တွေ့ကျကျ စိန်ခေါ်ဖို့ အသင့်ရှိနေပြီ ဆိုတာကို ပီပြင်လာစေပါတယ်။
 
ပါရီကားပြပွဲမှာ အသစ်ရောင်းချတော့မယ့် မော်ဒယ်လ်တွေနဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်လ်တွေကို မိတ်ဆက်ပွဲထုတ်လာတာတွေ ရှိနေပေမယ့် ပရိသတ်နဲ့ မီဒီယာတွေရဲ့ အာရုံကတော့ လျှပ်စစ်ကား အသစ်တွေအပေါ်မှာပုံ အဓိက ကျရောက်နေတာ မြင်သာပါတယ်။ ဒါဟာ ကားနည်းပညာ ရေစီးကြောင်းမှာ ထင်ရှားတဲ့ အချိုးအကွေ့ တစ်ခုဆီ ဦးတည်နေသလားလို့ ယူဆချင်စရာပါပဲ။
 
ပါရီကားပြပွဲဟာ အဓိက အနေနဲ့ ဥရောပ အခြေစိုက် ကုမ္ပဏီတွေရဲ့ နည်းပညာတွေကို ခင်းကျင်းပြသတဲ့ နေရာမျိုး ဖြစ်ပေမယ့် ဂျပန်ကားကုမ္ပဏီကြီး Toyotaကလည်း သန့်စင်စွမ်းအင် နည်းပညာ တစ်ခုဖြစ်တဲ့ ဟိုက်ဒရိုဂျင် လောင်စာတောင့်ကို အသုံးပြုတဲ့ ကားအသစ် တစ်စီးကို ပါဝင် မိတ်ဆက်ခဲ့ပါတယ်။ နမူနာ Conceptအဆင့်မှာသာ ရှိသေးတဲ့ ဒီကားရဲ့ အခြေခံ စိတ်ကူးကလည်း အံ့ဩစရာပါ။ ဘာကြောင့်လဲဆိုတော့ FCV Plusလို့ နာမည်ပေးထားတဲ့ ဒီကားလေးဟာ ဟိုက်ဒရိုဂျင် လောင်စာတောင့်ကို အသုံးပြုပြီး ထွက်ရှိလာတဲ့ လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင်နိုင်သလို ကိုယ်တိုင်လည်း လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်တဲ့ ဂျင်နရေတာလို အသုံးဝင်နေပြန်တာကြောင့် ဖြစ်ပါတယ်။
 
ပါရီကားပြပွဲကတော့ ကားဝါသနာအိုးတွေ ကြိုတင် မျှော်လင့် စိတ်ဝင်စားနေခဲ့တာနဲ့ ထိုက်ထိုက်တန်တန်ပဲ နည်းပညာသစ်တွေ၊ ထုတ်ကုန်သစ်တွေ ဝေဝေဆာဆာနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ အရင်ကတော့ စွမ်းဆောင်ရည် ကောင်းမွန်ဖို့ကို အဓိကထားပြီး ဆီစားနှုန်းမြင့်တာ၊ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု များပြားတာတွေကို သိပ်ပြီး ထည့်စဉ်းစားလေ့ မရှိတဲ့ ပင်မရေစီးကြောင်း ပြောင်းလဲသွားတာကတော့ ဒီနှစ်ပြပွဲရဲ့ အထူးခြားဆုံး ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ကမ္ဘာမြေကြီး သန့်ရှင်းအောင် အားထုတ် ထိန်းသိမ်းဖို့ မျှော်လင့်ကြိုးစားမှုတွေအတွက် အားတက်စရာ အခြေအနေ တစ်ခုလို့လည်း ညွှန်းဆိုနိုင်ပါတယ်။
 
Ref: PC World
 
ဇွဲရဲဝင့်
 
 

logo