Menu

You are here

Toyota Ipsum

တိုယိုတာကထုတ်လုပ်တဲ့ ကားတွေထဲက ပြည်တွင်းမှာ လူကြိုက်များတဲ့ ကားတစ်စီးဖြစ်တဲ့ တိုယိုတာIpsum ရဲ့ ဂရိတ်တွေကို 7DayCars အယ်ဒီတာအကြိုက်အဖြစ် ရွေးချယ်ဖော်ပြပေးလိုက်ပါ တယ်။

Toyota Ipsum ကို ၁၉၉၅ မှာ စတင်ထုတ်လုပ်ပြီး ၂၀၀၉  အထိထုတ်လုပ်ထားပါတယ်။ ထုတ်လုပ်မှုသက်တမ်းတစ်လျှောက်မှာ မျိုးဆက်နှစ်မျိုးသာ ခွဲခြားထုတ် လုပ်ပါတယ်။

ပထမမျိုးဆက်ကို ၁၉၉၅ မှ၂၀၀၁ အထိ ထုတ်လုပ်ပြီး ဒုတိယမျိုးဆက်ကိုတော့ ၂၀၀၂ မှ၂၀၀၉ အထိ ထုတ်လုပ်ပါတယ်။

ဂရိတ်အမျိုးအစားခုနစ်မျိုး လောက်အထိ ခွဲခြားထုတ်လုပ်ထားပြီး ပြည်တွင်းမှာအသွင်းများ တဲ့ ဂရိတ်တွေကတော့ U, U GSelection,I,ILimited,E ဂရိတ် တွေဖြစ်ကြပါတယ်။

အင်ဂျင်အရွယ်အစားတွေကို ၂၀၀၀ စီစီ၊၂၂၀၀ စီစီ၊၂၄၀၀စီစီသုံးမျိုးထုတ်လုပ်ပြီး ဂရိတ် အမျိုးအစားတိုင်းအတွက် 2WD,4WD နှစ်မျိုးဖြင့် ထုတ်လုပ်ပါ တယ်။

ပထမမျိုးဆက်ကို ထုတ်လုပ် ချိန်မှာ ဓာတ်ဆီအင်ဂျင်ကို ၂၀၀၀စီစီ၊ ဒီဇယ်အင်ဂျင်ကို ၂၂၀၀ စီစီနှစ်မျိုးဖြင့် ထုတ်လုပ်ပြီးဒုတိယမျိုး ဆက်ကိုတော့ ဓာတ်ဆီအင်ဂျင် တစ်မျိုးတည်းနဲ့ ၂၄၀၀ စီစီ အရွယ်အစားတစ်မျိုးတည်းကိုသာ ထုတ် လုပ်ပါတယ်။

တံခါးငါးပေါက်၊ ထိုင်ခုံသုံးတန်းဖြစ်ပြီး ဂရိတ်အားလုံးကို အဲကွန်းပတ်လည်နဲ့ ထုတ်လုပ်ထားပါတယ်။ အခုဖော်ပြပေးမှာ က ပြည်တွင်းမှာအသုံးများတဲ့ ဂရိတ်တွေဖြစ်တဲ့ E,U,U G Selection,I,I Limited တို့ကို ရွေးချယ်ဖော်ပြပေးမှာ ဖြစ်ပါ တယ်။

E ဂရိတ်

အတွင်းခန်း ဒက်ရှ်ဘုတ် ကျွန်းကွက်၊ စတီယာရင်ကျွန်းကွက်၊ ရှေ့ထိုင်ခုံတံခါးလက်တင်၊ တီဗီတို့ ပါဝင်ပါတယ်။ ရှေ့နောက် စကတ်အသေး၊ Fog Light၊ နောက်မှန်ဝိုက်ဘာ(နောက် တတ်)၊ စပွိုင်လာအသေး၊ Sun-roof နှစ်ခု တို့ဖြစ်ပါတယ်။

I ဂရိတ်

အတွင်းခန်းကျွန်းကွက်၊ စတီယာရင်ကျွန်းကွက်၊ စတီယာရင်ကွန်ထရိုး၊ အဲကွန်းဒစ်ဂျစ် တယ်ကွန်ထရိုး၊ အလယ်တန်းထိုင်ခုံသုံးခု၊ နောက်ထိုင်ခုံလက် တင်အပြည့် ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီး၊ Fog Lightမပါ၊ နောက်မှန်ဝိုက်ဘာ(နောက်တုတ်)၊ စပွိုင်လာအကြီး၊ နောက် မှန်အရောင်ဝင်တာ တွေ့ရပါတယ်။

I Limited

I ဂရိတ်ထက် အနည်းသာပိုတဲ့ ဂရိတ်တစ်ခုဖြစ်ပါတယ်။ပတ်လည်မှန်မည်းတာ၊ ရှေ့ခန်းအလယ်ခန်း လေအိတ်ပါဝင်တာ၊ တီဗီ၊ ဒီဗီဒီပါဝင်တာတွေပဲ ကွာခြားတာ တွေ့ရပါ တယ်။

U ဂရိတ်

ဒီဂရိတ်ကတော့ အတွင်းခန်းကျွန်းကွက်အပြည့်၊ အတွင်းခန်း ပတ်လည်အ၀ါ၊ တီဗီ၊ ဒီဗီဒီ၊ ထိုင်ခုံသုံးတန်းခုံပြည့်ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီး၊ Fog Light ရှေ့နောက်၊ နောက်မှန်ဝိုက်ဘာ၊ ပတ်လည်မှန်မည်းပြီး၊ Sunroof နှစ်ခုဖြစ်ပါတယ်။

U G Selection

အတွင်းခန်းကျွန်းကွက်ဖြစ်တဲ့အထဲမှာ ဂီယာလက်ကိုင်ကျွန်းကွက်ဖြစ်တဲ့ ဂရိတ်ဖြစ်ပါတယ်။ စတီယာရင်ကွန်ထရိုး၊အဲကွန်း ဒစ်ဂျစ်တယ်ကွန်ထရိုး၊ လေအိတ်ပတ်လည်ရှစ်လုံး၊ ထိုင်ခုံပါဝါမော်တာဖြစ်ပါတယ်။ ရှေ့နောက် စကတ်အကြီးပုံပြောင်း (၂၀၀၅ မော်ဒယ်အထက်)၊ ပတ်လည်မှန် အရောင်ဝင်ပြီး၊ နောက်မှန်ဝိုက်ဘာ၊ စပွိုင်လာအကြီး၊ Fog Light ပတ်လည်ဖြစ်တာ တွေ့ရပါတယ်။

ဖော်ပြပါဂရိတ်တွေမှာ ပြည်တွင်းမှာရှိနေတဲ့ Ipsum ရဲ့ ဂရိတ်တွေဖြစ်ကြပြီး တခြားဂရိတ်တွေလည်းရှိပါတယ်။

—Ref: Reuters

အောင်ဖြိုးမွန်

logo