Menu

You are here

အမရာငြိမ်းရဲ့Honda Civic 2010

ဒီတစ်ပတ်ရဲ့ အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ Miss MyanmarInternational 2015 ဆွတ်ခူးရရှိ ထားတဲ့ မော်ဒယ်သရုပ်ဆောင်  အမရာငြိမ်းရဲ့ လက်ရှိစီးနေတဲ့ ကားအမျိုးအစားနဲ့ ၎င်းရဲ့ ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကို မေးမြန်းပေးထားပါတယ်။

အမရာ အခုလက်ရှိစီးဖြစ်နေတဲ့ ကားအကြောင်းလေး ပြောပြပေး ပါဦး။

အမရာ အခုစီးနေတဲ့ကားကတော့ Honda Civic 2010 မော်ဒယ်ပါ။ ဒီကားလေးကို စီးလာတာ တော့ ၂ နှစ်လောက်ရှိပါပြီ။

ဒီကားကိုဘာကြောင့် ရွေးချယ်စီး ဖြစ်ခဲ့တာလဲဆိုတာ ပြောပြပေးပါ ဦး။

အမှန်အတိုင်း ပြောပြရရင် အမရာကားအကြောင်းကို သိပ်တော့ နားမလည်ဘူးပေါ့နော်။ ကားဆိုတာ လိုရာခရီးကိုသွားနိုင် တဲ့အရာတစ်ခုလို့ စဉ်းစားတဲ့သူ ဆိုတော့ ဒီကားကိုဆိုလည်း အိမ် က အဖေနဲ့အမေက ရွေးပြီး ဝယ် ပေးတဲ့အတွက် စီးဖြစ်ခဲ့တာပါ။

ဒီကားစီးရတဲ့အခါမှာ အရင်စီးခဲ့ တဲ့ကားတွေနဲ့ ဘာတွေကွာခြား တယ်လို့ ခံစားရပါသလဲ။

အရင်ကားတွေနဲ့ကွာခြားတဲ့ အချက်ဆိုရင်တော့ အများကြီးပါ ပဲ။ အခုအစိုးရကနေ ကားတွေ တင်သွင်းခွင့်ပေးလိုက်တော့ အ ရင်က စီးခဲ့တဲ့ကားတွေနဲ့ မော်ဒယ်တွေကအစ အရမ်းကွာသွား တယ်။

စီးရတာလည်း အရမ်းကွာပြီး သက်သောင့်သက်သာလည်း ပိုရှိပါတယ်။ အဲကွန်းစနစ်တွေကအစ အရင်ထက်အများကြီး ကောင်းလာတယ်။

ဒီကားကိုစီးတဲ့အခါမှာ အမရာအ တွက်အဆင်ပြေတဲ့အချက်နဲ့ အဆင်မပြေတဲ့အချက်က ဘာဖြစ်မလဲ။

အဆင်ပြေတဲ့ အချက်က တော့ အမရာပြောခဲ့သလိုပေါ့။အဲကွန်းစနစ်တွေ ပိုကောင်းလာ တဲ့အတွက် သက်သောင့်သက် သာရှိတယ်။ ကားက မော်ဒယ်အ သစ်လေးဖြစ်နေတာကြောင့် စီးရတာလည်း သဘောကျတယ်။  ကားပုံစံလေးကလည်း သွက်သွက် လက်လက်ရှိတယ်။ မကြိုက်တဲ့အချက်ဆိုရင်တော့ ကားက နည်း နည်းနိမ့်ပါတယ်။ နိမ့်တဲ့အခါကျတော့ Slow Down အကြီးတွေတို့၊လမ်း နည်းနည်းကြမ်းတဲ့နေရာမျိုး တွေသွားရင်တော့ အောက်ပိုင်း တွေ  ခဏခဏတိုက်တော့ သိပ်အဆင်မပြေပါဘူး။

ဒီကားနဲ့ နယ်ခရီးတွေသွားတဲ့အခါ မှာ ကားရဲ့လုပ်ဆောင်မှုအပိုင်း က ဘယ်လိုရှိလဲ။

ဒီကားနဲ့ နယ်ခရီးတွေဆိုရင် နေပြည်တော်ကိုတော့ သွားတယ်။ ဒါပေမဲ့ နေပြည်တော်လမ်းက လည်း အားလုံးသိတဲ့ အတိုင်းပဲ ချောချောမွေ့မွေ့ဆိုတော့ မောင်း ရတာအဆင်ပြေပြီး ဘာအခက် အခဲမှ မရှိပါဘူး။

ရန်ကုန်မြို့ထဲမှာ မောင်းရင်ကော ယာဉ်ကြောကျပ်တည်းတဲ့အချိန်  ဘယ်လိုအခက်အခဲတွေကြုံရလဲ။

အဆင်ပြေပါတယ်။ ကားက ကြီးတဲ့ထဲမှာလည်း မပါဘူး။ သေး တဲ့ထဲမှာလည်း မပါဘူး။ ကားပါကင်ကအစ အခက်အခဲမရှိပါ ဘူး။ အမရာက လူကောင်နည်း နည်းကြီးတဲ့အတွက်တော့ ကားအသေးနဲ့ သိပ်မလိုက်ဘူးလို့လည်း ထင်တယ်။ ဒီကားလေးက အနေ တော်ပဲဆိုတော့ အဆင်ပြေတယ်။ ရန်ကုန်မြို့ထဲမှာရော၊ Highway သွားတဲ့အခါမှာရော အဆင်ပြေတယ်။ တစ်ခုပဲ အမရာခုနက ပြောသလို Slow Down အမြင့်ကြီး တွေတို့ လမ်းကြမ်းတွေမှာပဲ အောက်ပိုင်းနိမ့်တော့ အဆင် မပြေတာပါ။

 

ဒီကားကို အလှဆင်ဖြစ်တာကော ရှိပါလား။

 အလှဆင်ဖြစ်တာတော့ မလုပ်ဖြစ်ပါဘူး။ ကားပုံမှန်ရေ ဆေးဖို့တောင် အမရာတို့က တော်တော်ကြိုးစားရတဲ့လူမျိုးပါ။ အိမ်မှာ အဖေကလည်း အမြဲခရီးထွက်နေတဲ့သူဆိုတော့ ကားကိုအလှဆင်ပေးမယ့် ယောက်ျားလေးမရှိ ဘူး။ အမရာတို့ ကိုယ်တိုင်က လည်း မိန်းကလေးဖြစ်တော့ ကားအလှဆင်တဲ့အပိုင်းကို မလုပ်ဖြစ် ဘူး။ ကားလေး သန့်သန့်ရှင်းရှင်း ဖြစ်နေဖို့ပဲ အဓိကဆောင်ရွက်ဖြစ် ပါတယ်။

 

ဒီကားစီးပြီးတဲ့အချိန်မှာ နောက်ထပ် ထပ်မံစီးချင်တဲ့၊ စိတ်ကူးထဲက နေရည်ရွယ်ထားတဲ့ ကားအမျိုးအစားရှိရင်လည်း ပြောပြပေးပါဦး။

ကားခရေဇီ မဟုတ်တော့ ဘာကားစီးမယ်ဆိုတာ ရည်ရွယ် ထားတာတော့မရှိပါဘူး။ ကားလှ လှလေးတွေမြင်ရင်တော့ သဘောကျတယ်။ ဘာကားအမျိုးအစား ဆိုတာထက် အိမ်ကကားလဲပေး မယ်ဆိုရင်တော့ ကားကိုအရောင် တောက်တောက်လေးတွေ စီးချင် ပါတယ်။

 

ဒီကားလေးနဲ့ ကိုယ်တိုင်အသွား ချင်ဆုံး၊ အမောင်းချင်ဆုံးနေရာရှိ ရင်လည်း ပြောပြပေးပါဦး။

ကိုယ်တိုင် ကားမောင်းပြီး သွားချင်တဲ့ ခရီးဆိုရင်တော့ ချောင်းသာကို သူငယ်ချင်းတွေနဲ့  အတူ Road Trip လေးသွားချင်ပါတယ်။

 

ကားမောင်းနေတဲ့သူတွေအတွက် အကြံပြုစကားလေး ပြောပေးပါ ဦး။

ဟုတ်ကဲ့..ကားမောင်းတာ မှာ အဓိကလိုအပ်တာကတော့ အမရာထင်တာ စည်းကမ်းလိုက် နာဖို့ရယ်နဲ့ စိတ်ရှည်ဖို့ပါ။ ကိုယ် က စည်းကမ်းလိုက်နာပေမယ့် လည်း တစ်ဖက်ကလိုက်နာချင်မှ  လိုက်နာတာဖြစ်တဲ့အတွက် အဲဒါကိုလည်း ကိုယ်ကစိတ်ရှည်ဖို့ လိုအပ်ပါတယ်။ နောက်ထပ် အကြံ ပေးချင်တာတစ်ခုက စိတ်မရှည် ဘူး။ စိတ်မြန်ဒေါသထွက်တတ်တဲ့ သူမျိုးဆိုရင်တော့ ကိုယ်တိုင်ကားမမောင်းတာ အကောင်းဆုံးပါ။ အဲဒါ Safe အဖြစ်ဆုံးလို့ထင်တယ်။

ကျေးဇူးတင်ပါတယ်။        ။

 

_ဖြူဖွေးသန့်

logo