Menu

You are here

သရုပ်ဆောင် လင်းမြတ်ရဲ့Kluger 2001

အခုတစ်ပတ်ရဲ့ အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ မော်ဒယ်သရုပ်ဆောင် လင်းမြတ်ရဲ့ လက်ရှိစီးနေတဲ့ ကားအမျိုးအစားနဲ့ ၎င်းရဲ့ ကားနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကို မေးမြန်းပေးထားပါတယ်။

အစ်ကို အခုစီးနေတဲ့ ကားအကြောင်းလေး ပြောပြပေးပါဦး။

ကျွန်တော် အခုစီးနေတဲ့ကားက Kluger 2001 မော်ဒယ်ပါ။ ဒီကားကို စီးဖြစ်လာတာက တော့ အချိန် ၂ နှစ် ကျော်လောက် ရှိပါပြီ။

ဒီကားကို ဘာကြောင့် ရွေးချယ်စီးဖြစ်ခဲ့တာလဲဆိုတာ ပြောပြပေးပါဦး။

ဒီကားက SUV ဆိုတော့ မြင့်လည်းမြင့်တယ်။ အကြမ်းလည်း ခံတယ်။ ဘယ်သွားသွားလည်း အဆင်ပြေတယ်။ အဲဒါကြောင့် ကျွန်တော်စီးဖြစ်တာပါ။

ဒီကားစီးတဲ့အခါမှာ အစ်ကို့အတွက် အဆင်ပြေတဲ့အချက်နဲ့ အဆင်မပြေတဲ့အချက်က ဘာတွေ ဖြစ်မလဲ။

 အဆင်ပြေတာကတော့ ဘယ်နားသွားသွား အောက်ပိုင်း လွတ်တယ်။ ရေကြီးရင်လည်း ကြောက်စရာမလိုဘူး။ အဆင်မပြေတာက ဒီကားက အင်ဂျင်ပါ ၀ါ 3.0 ဆိုတော့ ဆီစားတယ်။ ဆီ ကတော့ တော်တော်စားတယ်။ နင်းရင် နင်းသလောက် အရမ်းပါတဲ့အတွက် အဲဒါလေးပဲ အဆင် မပြေတာပါ။ ကျန်တာကတော့  အားလုံးအဆင်ပြေပါတယ်။

ဒီကားစီးဖြစ်တဲ့အချိန်မှာ အရင်စီး ဖြစ်ခဲ့တဲ့ကားတွေနဲ့ကော ဘာ ကွာခြားမှုရှိတယ်လို့ ထင်ပါလဲ။

အရင်က ကျွန်တော်စီးခဲ့တဲ့ ကားတွေနဲ့ဆိုရင် ဒီကားက တော်တော်လေးကောင်းပါတယ်။ အရင်က Harrier 99 စီးခဲ့တယ်။ ကွာတာကတော့ကွာတယ်။ SUVအချင်းချင်းဆိုတော့ ကျွန်တော့်စိတ်ထဲမှာတော့ အရမ်းကြီးကွာ တာမျိုးမရှိပေမယ့် ဆီလေးနည်း နည်းပိုစားပြီး ပိုပြေးတာတော့ရှိ တယ်။ ပိုကောင်းတယ်ပေါ့။ မြင့် တာလည်းပိုမြင့်တယ်။

ဒီကားနဲ့ ရန်ကုန်မြို့ထဲမှာ သွားလာရင်ကော ကြုံတွေ့ရတဲ့ အ ခက်အခဲတွေက ဘာတွေရှိပါလဲ။

ဒီကားက ကြီးတယ်ဆိုပေ မယ့် သိပ်ပြီးအခက်အခဲတော့မရှိ ပါဘူး။ ကားပါကင်ထိုးတဲ့အချိန်နဲ့ လမ်းကြိုးကြားကြိုးကြားလေး တွေ တိုးရတဲ့အချိန်မှာပဲ နည်း နည်းအခက်အခဲရှိပါတယ်။ တချို့လမ်းတွေထဲမှာ ဈေးတွေဘာတွေ ရှိတယ်ဆိုရင် မောင်းရတာ နည်းနည်း အခက်အခဲကြုံတွေ့ရတယ်။ဒါပေမဲ့ ဟမ်းမားလို အကြီးကြီး လည်းမဟုတ်တော့ အဆင်ပြေပါ တယ်။

ဒီကားနဲ့ နယ်ခရီးတွေသွားတဲ့အခါ မှာကော ကားရဲ့လုပ်ဆောင်မှုအ ပိုင်းက ဘယ်လိုအခြေအနေရှိပါလဲ။

ဟိုင်းဝေးသွားရင်တော့ ဒီကားက တော်တော်အဆင်ပြေ တယ်။ တောင်တက် တောင်ဆင်း လည်း ဘာမှစိတ်ပူစရာမလိုဘူး။ မနှစ်ကဆို တောင်ကြီး၊ ကလောဘက်ကို ဒီကားနဲ့ပဲ ကျွန်တော်တို့ သွားတာ တောင်တက် တောင် ဆင်းတွေရော၊ နေပြည်တော်အ မြန်လမ်းသွားတာရော အဆင်ပြေ တယ်။ မောင်းနေရင် ကားက ငြိမ်နေပြီး ဆီကလည်း ရန်ကုန်က လောက် မဟုတ်တော့ဘူးပေါ့။ မြန်မြန်လေးလည်း ပိုရောက် တယ်။

ကားအလှဆင်တဲ့အပိုင်းတွေ ပြု လုပ်ဖြစ်ရင်လည်း ပြောပြပေးပါဦး။

ကျွန်တော် အပြင်ပိုင်းကို တော့ Modified မီးလေးတွေ ထည့်ထားပါတယ်။ ဒီဟာတစ်စုံ ကတော့ ယိုးဒယား The Garage ကနေမှာဖြစ်တာပါ။ နောက်တစ်စုံအသေးကတော့ ဒီမှာပဲဆင်ထား တာပါ။ အပြင်မှာလည်း ဒီ Modified မီးလေးတွေဆင်တယ်။ အတွင်းခန်းကိုလည်း တချို့မီး လေးတွေ ထည့်ထားပါတယ်။

ဒီကားစီးပြီးတဲ့အချိန်မှာ နောက် ထပ်စီးချင်တဲ့ စိတ်ကူးထားတဲ့ ကားအမျိုးအစားရှိရင်လည်း ပြောပြပေးပါဦး။

ရှိပါတယ်။ အခုက ကားတွေလည်း အများကြီးဝင်လာ တော့ ကျွန်တော် တော်တော်လေး ဓာတ်ကျနေတာက Mitsubishi Outlander ရယ် Honda HR-Vရယ်ကို တော်တော်လေးစီးချင်နေ တယ်။ ဒါပေမဲ့ ဈေးတွေကလည်း တော်တော်မြင့်တော့ ကိုယ်လည်း မလိုက်နိုင်ဘူးဖြစ်နေတယ်။

ဒီကားနဲ့ အသွားချင်ဆုံး၊ အမောင်းချင်ဆုံးနေရာရှိရင်လည်း ပြောပြ ပေးပါဦး။

 အမောင်းချင်ဆုံးကတော့ တောင်တက်၊ တောင်ဆင်းလမ်းတွေ မောင်းရတာဝါသနာပါပါ တယ်။ ဒီကား မ၀ယ်ခင်တုန်းက ဆို ကျွန်တော့် သူငယ်ချင်းကားနဲ့ ငွေဆောင်ဘက်က တောင်တက်၊ တောင်ဆင်းလမ်းတွေကို မောင်းဖြစ်တယ်။ အဲဒါနဲ့ ဒီ Klugerကို တော်တော်ကြိုက်ပြီးဝယ်ဖြစ် တာပါ။

ကားမောင်းနေတဲ့ ပရိသတ်တွေ အတွက်ကိုလည်း အကြံပြုစကား ပြောပေးပါဦး။

ကားဆိုတာကတော့ အခုနောက်ပိုင်းကားတွေက အင်ဂျင်ပါဝါတွေလည်း အရမ်းကောင်းလာတယ်။ ကားလေးတွေကလည်း အရမ်းကောင်းလာတယ်။ ပြီးတော့ အော်တိုလည်းဖြစ်လာ တဲ့အတွက်  တချို့က ကားစတီ ယာရင်ကို ကိုင်လိုက်တာနဲ့ အတော်မောင်းချင်ကြတယ်၊ နင်းချင်ကြတယ်။ ကားဆိုတာက နင်းရင်နင်းသလောက် ပြေးပါတယ်။ ဒါပေမဲ့ ဘရိတ်ကိုချက်ချင်းနင်းရင်  နင်းသလိုမရပ်ပါဘူး။ အနည်းဆုံး တော့ ဆယ်ပေ၊ ငါးပေတော့ ဆက်သွားတာဆိုတော့ မလိုအပ်ဘဲ အရမ်းမမောင်းဘဲနဲ့ ပုံမှန်လေးပဲသွားပါလို့ ကျွန်တော်က ပြောချင်ပါ တယ်။

 

ကျေးဇူးတင်ပါတယ်။     ။

logo